Ep 7

1.4K 206 7
                                    

Zawgyi

နော်​​ဝေးနိုင်​ငံရဲ့မြို့​တော်​ Osloမြို့     ​​လေယာဉ်ဆိုက်​တာနဲ့ အသင့်​​စောင့်​​နေတဲ့ကား​ပေါ်တက်​လိုက်​သည်​ခါးကိုမတ်​မတ်​ထိုင်​ကာ​ခြေချိတ်​လိုက်​ပြီးလက်​တစ်​ဖက်​ကို​မေး​ထောက်​ကာကားမှန်​က​နေအပြင်​ဘက်​ကိုပျင်းတိပျင်းရွဲဖြင့်​​ငေး​နေမိသည်​      စိတ်​ပျက်​စရာ​ကောင်းတဲ့မြို့ကိုတကူးတကလာပြီးစိတ်​ပျက်​စရာ​ကောင်းတဲ့လူကိုလာ​တွေ့ရသည့်​သူ့အဖြစ်​ကဘယ်​​လောက်​​တောင်​စိတ်​ကုန်​စရာ​ကောင်းလိုက်​သလဲ      ၄၅မိနစ်​​ကျော်​​လောက်​မှလိုရာခရီးကို​ရောက်​လာခဲ့သည်​      driverကကားတံခါးကိုလာဖွင့်​​ပေးသည်​နှင့်​သူလည်းကားထဲမှထွက်​လိုက်​ပြီးအ​ရှေ့ကအ​ဆောက်​အဦးအကြီးကြီးကိုကြည့်​လိုက်​သည်​    Oslo university hospital....ဥ​ရောပမှာအကြီးဆုံး​ဆေးရုံကြီးလို့လည်းသတ်​မှတ်​ကြသည်

ဆံပင်​ကိုလှန်​တင်​ထားကာဝတ်​ထားတဲ့ရှပ်​အနက်​ကိုကြယ်​သီးသုံးလုံးဖွင့်​ထားပြီးလက်​ကို​ခေါက်​တင်​ထား​တော့​ပေါ်​နေတဲ့လက်​ဖျံမှာအ​ကြောစိမ်း​တွေက​ထောင်​​နေပြီးကြည့်​​ကောင်းလွန်းလှသည်​     စတိုင်​ပန်​အနက်​​ရောင်​ချပ်​ရပ်​ရပ်​ကရှည်​လျားတဲ့​ခြေတံ​တွေကိုပိုကြည့်​​ကောင်း​အောင်​ပံ့ပိုး​ပေး​နေသည်​     အဖြူ​ရောင်​အသားရည်​မဟုတ်​ဘဲခပ်​လတ်​လတ်​ဖြစ်​​နေသည့်​အ​သားအ​ရောင်​ကလူဖြူ​တွေအတွက်​စွဲမက်​စရာအသားအ​ရောင်​    မျက်​ဆံအ​ရောင်​ကလွဲပြီးမျက်​ခုံးနှာတံ​ကောင်း​ကောင်းနှင့်​ထင်း​နေတဲ့​မေးရိုးကထိုသူအားအ​ရှေ့တိုင်းသားလားအ​နောက်​တိုင်းသားလားဆိုတာခွဲရခက်​​စေသည်​      တည်​ကြည်​​နေတဲ့မျက်​နှာ​ဘေး​ဘောင်းဘီအိတ်​နှစ်​ဖက်​လုံးထဲလက်​ထည့်​ကာ​ပြောင်​လက်​​နေတဲ့ရှူးအနက်​​ရောင်​နှင့်​တစ်​လှမ်းခြင်းလှမ်းလာတဲ့သူ့ပုံစံက​ဆေးရုံတစ်​ခုလုံး၏အာရုံကိုဖမ်းစားထားသည်

သူ​ရောက်​လာ၍လာ​စောင့်​​နေပြီးနှင့်​​သောလူတစ်​ဦးလမ်းပြရာအခန်းကိုလိုက်​သွားလိုက်​သည်​       အခန်းတစ်​​ခု​ရှေ့အ​ရောက်​ ရှင်းရှင်းေ​​ပြာရလျှင်​​VVIPများအတွက်​သာသီးသန့်​ဖွဲ့ထား​သောအခန်း​ရှေ့.....​ဘေးမှာ name tagနှင့်​ Mis Anna တဲ့     တံခါးဖွင့်​လိုက်​​တော့ရီ​မော​နေတဲ့လူတစ်​စုအသံကတိကနဲတိတ်​လျက်​သား     ​ရွှေအို​ရောင်​ဆံပင်​နှင့်​မျက်​ဝန်းပြာ​လေးရှိသည့်​အသက်​၈နှစ်​၉နှစ်​မျှသာရှိဦးမည့်​က​လေးမ​လေးကကုတင်​​ပေါ်ကသူမနား​ပြေးကပ်​ကာဖက်​ထား​လေရဲ့.    သူမသူ့ကိုပြုံးပြ​တော့ခပ်​မဲ့မဲ့သာပြန်​ပြုံးပြလိုက်​သည်​    ထို့​နောက်​သူမ​ကိုဖက်​ထားသည့်​က​လေးမ​လေးနှင့်​သူမ​ရှေ့မှအမျိုးသားတစ်​ဦးကိုတစ်​ခုခု​ပြော​နေသည်​    မကြာလိုက်​ထိုအမျိုးသားကက​လေးမ​လေးကို​ခေါ်၍သူ့​ဘေးနားက​နေဖြတ်​ပြီးအပြင်​သို့ထွက်​သွား​လေရဲ့.    သူ့​ဘေးအဖြတ်​က​လေးမ​လေးကသူ့ကိုအပြာ​ရောင်​​တောက်​​တောက်​မျက်​ဝန်း​ဝိုင်းဝိုင်း​လေး​တွေနဲ့​သေချာကြည့်​သွားသည်​    သူလည်းမျက်​ဆံ​ထောင့်​ကပ်​ရုံမျှသာအကြည့်​ပို့လိုက်​ပြီးချက်​ချင်းပင်​ကုတင်​ထက်​ကအမျိုးသမီးထံအကြည့်​လွှဲလိုက်​ပြီး

Hello Lucifer Where stories live. Discover now