Zawgyi
Tae-Jeon...ကိုယ့်ကိုလွတ်ဦး
အကြာကြီးငိုရှိုက်ပြီးမှသူ့ပုခုံးပေါ်မေးတင်ထားသောJeonရဲ့ကျောပြင်ကိုပုတ်ကာပြောတော့ဖြည်းဖြည်းချင်းဖယ်ပေးသည် ငိုထားလို့မို့အစ်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေအနည်းငယ်ရဲနေတဲ့နှာလုံးလုံးနဲ့စိုလဲ့နေတဲ့နီရဲရဲနှုတ်ခမ်းတစ်စုံနဲ့Jeonကအသည်းယားဖို့ကောင်းနေပြန်တယ် မျက်ခမ်းစပ်ကကျန်နေသေးတဲ့မျက်ရည်ဥလေးတွေကိုလက်ဖနှောင့်ဖိသုတ်နေတဲ့Jeonကိုခဏတာကြည့်ပြီးဖရိုဖရဲဖြစ်နေတဲ့ဘောင်းဘီကိုဆွဲတင်ပြီးဇစ်ကိုဆွဲလိုက်သည် ပြီးနောက်ဆိုဖာပေါ်မှာလွှားထားသည့်အင်္ကျီကိုပြန်ယူဝတ်တော့Jeonကသူ့ကိုပြူးကြောင်ကြောင်လေးကြည့်နေလေရဲ့. ကြယ်သီးတပ်နေရင်းဘာလဲဆိုတဲ့သဘောဖြင့်မျက်ခုံးလေးပင့်ပြတော့
Jk-ဟင်....ကိုယ်နဲ့အတူမနေတော့ဘူးလား မအိပ်တော့ဘူးလား ကိုယ်ပေးမယ်လေ
Tae-Jeonကငိုနေမှတော့ကိုယ်ကဘယ်စိတ်ပါတော့မှာလဲ
သူ့စနောက်မှုကြောင့်ငိုမဲ့ငိုမဲ့ဖြစ်သွားတဲ့Jeonရဲ့ချစ်ဖို့ကောင်းမှုကကသူ့ကိုJeonမှ Jeonဖြစ်စေတာမသိလေရော့လား
Jk-မဟုတ်ဘူး...ကိုယ်....
Jeonထိုင်နေတဲ့ကုတင်ကိုလျှောက်သွားပြီးနဖူးလေးကိုခပ်ဖွဖွနမ်းလိုက်တော့ပြောလက်စရပ်သွားလေရဲ့. ပြီးတော့မျက်နှာချင်းဆိုင်တင်ပလွဲဝင်ထိုင်လိုက်ကာJeonလက်ကိုကိုင်ပြီးလက်ညိုးကိုနှုတ်ခမ်းထဲထည့်ပြီးတစ်ချက်ဆွဲငုံလိုက်သည်
Tae-Jeonကတအားချစ်ဖို့ကောင်းနေတော့ကိုယ်ကဘယ်ယူနိုင်မှာတဲ့လဲ
ထိုအခါမျက်နှာလေးရဲသွားတဲ့Jeonကသူ့ကိုဦးဆောင်တဲ့သူမှဟုတ်ပါရဲ့လား ပြီးတော့သူ့လည်တိုင်ထက်နှုတ်ခမ်းဖြင့်အားနဲ့လာဆွဲစုပ်သည်မို့နာကျင်မှုကဆစ်ကနဲ အရာထင်လောက်မည်ဆိုသည့်အတိုင်းအတာရောက်မှဖယ်ခွာသွားကာထိုအမှတ်အသားအပေါ်လက်မဖြင့်ခပ်ဖွဖွပွတ်ဆွဲပြီးမျက်ဝန်းနက်နက်တွေဖြင့်ကြည့်လာသည်
![](https://img.wattpad.com/cover/269389732-288-k876373.jpg)