Ep 16

1.2K 159 7
                                    

Zawgyi

(A.N-ဒီficက​လေတစ်​ပိုင်းချင်းစီရဲ့​ပျောက်​ဆုံး​နေတဲ့အစိတ်​ပိုင်း​လေး​တွေပါတာ​မို့တစ်​ပိုင်းတစ်​ပိုင်းကိုလည်းအ​လောတကြီးမဖတ်​ဖို့​မေတ္တာရပ်​ခံပါတယ်​​နော်ေ​အး​အေး​ဆေး​ဆေးအချိန်​ယူပြီးဖတ်​ကြပါ  JKကသူလက်​ရှိမြင်​တဲ့အ​ကြောင်းအရာ​တွေနဲ့ဆက်​စပ်​ပြီးသူဖြစ်ခဲ့သမျှကို​ပြန်​မြင်​​ယောင်​တာဆို​တော့အရမ်းအရမ်းကိုရှုပ်​မှာပါ)

Tae-သိလိုက်​ရတာနဲ့ဖြစ်​​နေတာ​တွေအကုန်​​ပျောက်​ကွယ်​သွားမယ်​ထင်​​နေတာလား..?ဘယ်​လိုဖြစ်​နိုင်​မှာလဲ...ဘာဖြစ်​ခဲ့လဲဆိုတာ​မေး​နေမယ့်​အစားဖြစ်​ခဲ့တာ​တွေကိုပဲလက်​ခံလိုက်​​​တော့လေ..."​ပြောင်းလဲလို့မရ​တော့တဲ့အရာ​တွေကိုလက်​ခံနိုင်​စွမ်း​ပေးသနား​တော်​မူပါ"တဲ့ အဲ့ဆု​တောင်းစကားသိပ်​​ကောင်းတယ်

ဖန်​ခွက်​ထဲ whisky ထည့်​ပြီး​ရေခဲပုံးထဲက လုံး​နေ​အောင်​ထွင်းထားတဲ့​ရေခဲတုံးခပ်​ကြီးကြီးတစ်​တုံးကိုညှပ်​ဖြင့်​ယူကာထို whiskyထည့်​ထားတဲ့ခွက်​ထဲခွပ်​ကနဲထည့်​လိုက်​တဲ့အထိ​ဂျောင်​ကုတစ်​​ယောက်​ထယ်​​ယောင်းလှုပ်​ရှားမှုတို့အားမမှိန်​မသုန်​စိုက်​ကြည့်​​နေမိသည်​  လွန်​ခဲ့တဲ့နာရီအနည်းငယ်​​လောက်​ကဝုန်းဒိုင်းကြဲ​ရောက်​ချလာတာသူမဟုတ်​သည့်​အတိုင်း     ဝါးသဝါးပုံရိပ်​အားလုံးကိုချိတ်​ဆက်​မိ​တော့​သွေးဆူပြီးထယ်​​ယောင်းထံ​အော်​ဟစ်​​သောင်းကျန်းလိုက်​ချင်​​ပေမယ့်​...စင်​စစ်​ထယ်​​ယောင်းရဲ့မျက်​နှာ​လေးကို​တွေ့လိုက်​ရချိန်​မီးကို​ရေနဲ့ဖြန်းလိုက်​သလိုပင်​     ထိုအချိန်​ထိသူမိုက်​မဲ​နေစဲ....သူချိတ်​ဆက်​မိတဲ့အရာအားလုံးကအမှန်​မဖြစ်​နိုင်​ပါဘူးဟုသူ့ကိုယ်​သူငြင်းဆန်​​နေစဲ     အနည်းဆုံး​တော့ထယ်​​ယောင်း....သူသိပ်​ချစ်​ရတဲ့​ယောကျာ်းတစ်​ဦးထံမှအလိမ်​ညာစကားပဲဖြစ်​ဖြစ်​​ဖြေရှင်းမှုနဲ့ငြင်းဆန်​မှုကိုသူကြားချင်​ပါ​သေးသည်

ဘယ်​​လောက်​ပဲရူးတယ်​လို့​ပြောကြပါ​စေ...ကင်​ထယ်​​ယောင်းဆို​သောလူသားအားမြတ်​နိုးမိမှမာယာ​တွေကိုလည်း​မေ့​မေ့မူးမူးချစ်​ခဲ့ဖူးပြီ

Hello Lucifer Donde viven las historias. Descúbrelo ahora