Ep 6
1.6K 205 19
Zawgyi
ငါးမျှားတံကရစ်​လုံးကိုပြန်​ရစ်​​နေသည့်​Jeon​ကြောင့်​ပက်​လက်​ကုလားထိုင်​​ပေါ်ပျင်းတိပျင်းရွဲထိုင်​​နေသည့်​ထယ်​​ယောင်းရဲ့ခါးကမတ်​ကနဲပင်​     ပြီး​နောက်​မျက်​ဝန်းပြာ​လေးများကပြန်​ရစ်​လို့တဖြည်းဖြည်းအ​ပေါ်တက်​လာသည့်​ငါးမျှားတံ၏ထိပ်​ကိုတစိုက်​မတ်​မတ်​ကြည့်​​နေသည်​      ငါးမျှားတံကိုတစ်​ချက်​ဆွဲတင်​လိုက်​တဲ့အဆုံးငါးမျှားချိတ်​မှာတဖျတ်​ဖျတ်​လူးကာပါလာသည့်​ငါးကိုကြည့်​ရင်း
Tae-မိပြန်​ပြီ​ပေါ့
မိ​နေတဲ့ငါးကိုငါးမျှားချိတ်​မှဖြုတ်​ရန်​လက်​လှမ်းချိန်​ကြားလိုက်​ရတဲ့မျက်​ဝန်းပြာ​လေးရဲ့အ​မေး​ကြောင့်​လူကခဏတာတုန့်​ဆိုင်းသွားကာထယ်​​ယောင်းဆီကိုအကြည့်​ပို့လိုက်​​တော့မျက်​ဝန်းပြာ​လေး​တွေက​လေသူမိထားတဲ့ငါးက​နေမခွာဘူး    စိတ်​ပုတ်​​လေးမျက်​ဝန်းပြာက​တော့မနာလိုပြီထင်​ပါရဲ့.    ​ဂျောင်​ကုလည်းပြုံးကာ"အင်း" ဟု​ဖြေပြီးငါးကိုယူရန်​လက်​လှမ်း​တော့ငါးမျှားတံကို​ဆောင့်​​အောင့်​ကာပစ်​ချလိုက်​တဲ့အသံကိုကြားလိုက်​ရပါသည်
Tae-မတရားလိုက်​တာ
ပြီး​နောက်​သူ့လက်​ထဲကငါးမျှားတံပါဆွဲလုခြင်းခံလိုက်​ရပြီးပစ်​ချခြင်းခံလိုက်​ရသည်​       မိထားတဲ့ငါးက​တော့​ရေနဲ့ကင်း၍ထင်​တဖျတ်​ဖျတ်​နှင့်​     ထိုအရာကိုလည်းဂရုမစိုက်​နိုင်​စွာသူ့​ပေါင်​​ပေါ်မျက်​နှာချင်းဆိုင်​ခွထိုင်​လာတဲ့ထယ်​​ယောင်းခါးကိုထိန်းဖက်​လိုက်​သည်​      မျက်​ဝန်းပြာ​လေးကပြုတ်​ကျမှာလည်းဂရုမစိုက်​သူ့ပါးကိုပင်​လက်​သွယ်​သွယ်​​လေးနှစ်​ဖက်​ဖြင့်​လာကိုင်​ကာစူပုတ်​ပုတ်​​လေးကြည့်​လာသည်
Tae-Jeonကျငါးသုံး​ကောင်​​တောင်​မိပြီ    ကိုယ်​ကျတစ်​​ကောင်​မှမမိ​သေးဘူး     မဟုတ်​​သေးပါဘူးJeonကဘာလုပ်​လုပ်​​တော်​​နေမှလား    ဒါမှမဟုတ်​ငါး​တွေကကိုယ့်​ဆီမလာတာများလား humm?
Hello Lucifer Where stories live. Discover now