Ep 5 (New)

2K 243 10
                                    

Zawgyi

ဒီ​နေ့ထယ့်​ရုံးပိတ်​ရက်တနင်္ဂ​နွေ​နေ့မို့ထယ်​ကတ​နေရာသွားမည်​ဟုဆိုကာ​ပြော​သော​ကြောင့်​သူလိုက်​လာခြင်း သူ့ဆိုင်​က​ကော်​ဖီဆိုင်​ဆို​တော့ထယ့်​လိုအလုပ်​ပိတ်​ရက်​မရှိ​ပေမယ့်​လို့ချစ်​ရသည့်​မျက်​ဝန်းပြာ​လေးကိုအချိန်​​ပေးချင်​သည်​ နှစ်​​ယောက်​လုံးအလုပ်​ကိုယ်​စီနဲ့ဆို​တော့ည​နေပိုင်းအချိန်​​သာ​တွေ့ရခြင်းကနှစ်​​ယောက်​စလုံးကိုမတင်းတိမ်​နိုင်​​စေဘူး

ကား​လေးကတ​ဖြေး​ဖြေးနဲ့မြို့ပြင်​ဘက်​​နည်းနည်း​ရောက်​လာပြီးလူသူအနည်းငယ်​​ရောက်​​ပေါက်​သည့်​​ဂျောင်​ကျသည့်​လမ်းကျဉ်းကျဉ်း​လေးထဲဝင်​လာသည်​ကိုသတိထားမိသည်​ မိနစ်​အနည်းငယ်​ကြာ​မောင်းလာ​တော့ Church ​ကျောင်းအကြီးကြီးကို​တွေ့လိုက်​ရသည်​ ဗြိတိသျှ​ခေတ်​ကတည်းကဖြစ်​မယ်​ ​ရှေးကျ​ပေမယ့်​လက်​ရာက​သေသပ်​​နေတာ ​ကျောင်းတခုလုံးအ​ပေါ်မှာသခင်​​ယေရှု့ပုံများကိုအနုစိပ်​ထုထွင်းထားသည်

ကား​ပေါ်ကဆင်းဆင်းချင်း​ကျောင်းကြီးကို​ငေး​နေမိရာက​နေထယ်​ကလက်​လာဆွဲမှာသတိပြန်​ဝင်​သည်​ Church ဝင်​​ပေါက်​နားမှာ​လူဖြူခရစ်​ယာန်​ဘုန်း​တော်​ကြီးကအသင့်​​စောင့်​​နေသည်​ ထယ်​​ယောင်းလာမည်​ကိုသိ၍​စောင့်​ကြိုဟန်​ ထယ်​​ယောင်းနဲ့နှုတ်​ဆက်​စကား​ပြောပြီးဖာသာကအထဲကိုဦး​ဆောင်​ဝင်​သွား​တော့ထယ့်​ဘက်​ကစကားစသည်

Tae-ထယ်​အမြဲလာဝတ်​ပြု​နေကျ​ကျောင်း​လေ လာအထဲဝင်​ရ​အောင်​ Jeonကလည်းခရစ်​ယာန်​မလား

ဂျောင်​ကုအပြုံး​လေးနဲ့သာတုန့်​ပြန်​လိုက်​သည်​ တကယ်​​တော့သူ့ကိုယ်​သူဘယ်​ဘာသာကိုးကွယ်​သည်​လဲပင်​မသိ ဘယ်​ဘာသာကိုမှအယုံကြည်​မရှိသည့်​ဘာသာမဲ့လည်းဖြစ်​နိုင်​သည်​ Church ထဲဝင်​လာ​တော့ဝတ်​ပြုတဲ့ခုံတန်းများကနည်းတာမဟုတ်​ ​ကျောင်းကြီးကလည်းအကြီးကြီးကိုး မျက်​နှာစာမြင့်​သည့်​အတွက်​​ဘေးနံရံမျက်​နှာကျက်​​တွေမှာနံရံ​ဆေး​ရေးပန်းချီ​တွေဆွဲထားသည်​က​ကျောင်းကြီးရဲ့ထည်​ဝါမှုထဲကတစ်​ခုဖြစ်​ဟန်​တူသည်

Hello Lucifer Where stories live. Discover now