Ep 17
1.2K 168 13
Zawgyi
ကားထဲမှ​နေ၍​ကော်​ဖီဆိုင်​​လေးရဲ့မှန်​က​နေထိုးခွင်းပြီးမြင်​​နေရတဲ့Jeonကိုထယ်​​ယောင်းငြိမ်​သက်​စွာကြည့်​​နေမိသည်​      စားပြီးသားသူ​တွေရဲ့ပန်းကန်​​တွေကိုသိမ်းရင်းစားပွဲကို​လေးလံစွာသုတ်​​နေတဲ့Jeonရဲ့ပုံကအားအင်​နွမ်းလျပြီးပစ်​လဲ​တော့မ​ယောင်​     မျက်​နှာလည်းထိုင်းမှိုင်းကာအိပ်​​စက်​ခြင်း​အချိန်​နည်းသလိုတစ်​ချိန်​ကသိပ်​​တောက်​ပခဲ့တဲ့မျက်​ဝန်း​တွေကအသက်​မဲ့လျက်​     မီးစ​ကြောင့်​တိုလာပြီဖြစ်​​သော​ဆေးလိပ်​ကိုကားထဲမှာပဲရှိသည့်​ပြာခွက်​ထဲဖိချကာမီးသတ်​လိုက်​သည်​     ဝင်​သွားရင်​​ကောင်းမလားမ​ကောင်းဘူးလားဆိုတာကိုအတန်​ကြာစဉ်းစားပြီးမှကားတံခါးကိုတွန်းဖွင့်​လိုက်​သည်
Tae-အိမ်​ပြန်​လာသင့်​ပြီမထင်​ဘူးလား      သုံးပတ်​...သုံးပတ်​​တောင်​ကိုယ်​Jeonကိုကြိုက်​သလို​နေခွင့်​​ပေးပြီးပြီပဲ
သူ့စကားကြား​သော်​လုပ်​လက်​စ​ခေတ္တရပ်​သွား​ပေမယ့်​​မကြား​ယောင်​​ပြုကာ​ကော်​ဖီ​စေ့​တွေကိုကြိတ်​စက်​ထဲထည့်​​နေ​လေရဲ့.     သူ့ကို​တွေ့လျှင်​အမြဲတမ်းစိတ်​အာရုံအလုံးစုံကိုသူ့ထံပုံ​ပေးခဲ့သည့်​Jeonကယခု​တွင်​​တော့သူ့ကိုမရှိသလိုလုံးဝဥဿုံလျစ်​လျူရှု့ထား​လေရဲ့.    Jeonကသူ့ကိုလုံးဝရူးခါသွား​စေချင်​တာထင်​ပါရဲ့
"Vante..မင်းကမင်းအ​ဖေလိုပဲတကိုယ်​​ကောင်းဆန်​ပြီးအတ္တကြီးတဲ့သူမို့​နောင်​တစ်​ချိန်​မင်းချစ်​ရတဲ့သူ​တွေ့ခဲ့ရင်​​တောင်​မင်းနားမှာကြာကြာ​နေနိုင်​မှာမဟုတ်​ဘူး" တဲ့   ​မေတ္တာတရား​တောင်​မ​ပေးနိုင်​ဘဲအ​မေဟုသာအမည်​ခံထားတဲ့ထိုမိန်းမ​ပြောသွားခဲ့တာ    ​နောက်​ဆုံးအဆင့်​​ရောဂါအ​ခြေအ​နေနဲ့​သေခါနီး​တောင်​သူ့ကိုစိတ်​ဒုက္ခ​ပေးသွားတုန်း     ယခုJeonသူ့ကိုဆက်​ဆံပုံကိုကြည့်​ပြီးထိုစကားတို့ကိုပြန်​ကြား​ယောင်​လာခဲ့ကာရင်​ထဲအ​ကြောက်​တရားစိုးထိတ်​မှု​တွေဟာကိန်း​အောင်​လာခဲ့သည်​     တည်​ငြိမ်​​နေတဲ့အပြာ​ရောင်​မျက်​ဝန်း​တွေ​နဲ့အေးစက်​စက်​မျက်​နှာ​ဘေးကစိုးရိမ်​​ကြောင့်​ကြမှု​တွေရှိ​နေလိမ့်​မယ်​လို့ဘယ်​သူထင်​မှာတဲ့လဲ
Hello Lucifer Where stories live. Discover now