Ep 20

1.4K 151 8
                                    

Zawgyi

ပန်းသီးအစာသွတ်​မုန့်​​လေးကိုဖိုထဲထည့်​လိုက်​ပြီးထိုင်​ခုံ​ပေါ်​ပျော့​ခွေစွာထိုင်​ချကာသက်​ပြင်းကြီးတစ်​ချက်​ချလိုက်​သည်​      သူထယ့်​ဆီကို​ရောက်​တာတပတ်​ရှိပြီဖြစ်​​သော်​လည်းခုထက်​ထိအနားကပ်​ခွင့်​မရ​သေး    ထိုတပတ်​အတွင်းမှာပင်​သူ့ခန္ဓာကိုယ်​အနှံ့ဒဏ်​ရာဒဏ်​ချက်​​တွေကဗလပွ     သူအနားကပ်​တိုင်းထယ်​ကသူ့အား​ဘေးနားရှိသည့်​ပစ္စည်းတစ်​ခုဖြင့်​ပစ်​​ပေါက်​တတ်​သည်​ဒါမှမဟုတ်​သူ့မျက်​နှာကိုရိုက်​နှက်​သည်​    တစ်​ခါကဆိုထယ်​​နေ့စာစားချိန်​အ​ဖော်​ပြု​ပေးပြီးစကား​ပြောရန်​ကုတင်​​ပေါ်တင်​ပလွဲဝင်​ထိုင်​​တော့ကိုင်​ထားတဲ့ခက်​ရင်းဖြင့်​ထိုးရာအ​ရှောင်​မြန်​​ပေလို့ပင်​လက်​​မောင်းနားအ​ပေါ်ယံအ​ရေပြားလှန်​ရုံမျှထိခိုက်​သွားခြင်းသာဖြစ်​ခဲ့ရသည်​    ထယ်​က​လေသူမ​တွေ့ရတဲ့အ​တောအတွင်းသိပ်​ကိုဆိုးသွမ်းလာခဲ့တာသို့​သော်​လည်းသူ့အားရိုက်​ပုတ်​ခြင်းကိုထိုမျက်​ဝန်းပြာ​လေးစိတ်​ချမ်းသာသလိုရှိပါ​စေဆိုပြီး​ရှောင်​လွဲခဲ့ခြင်းမပြုခဲ့​ပေ

ထယ်​ကသူ့အ​ပေါ်သာဆိုးရုံမဟုတ်​Mr.Oliverအ​ပေါ်တွင်​လည်းရင့်​ရင့်​သီးသီးသာဆက်​ဆံသည်​      တ​နေ့တခြားအစားနည်းတာ​ကြောင့်​ပိန်​ကျလာတဲ့ထယ့်​အတွက်​သူနဲ့Mr.Oliverကထယ်​ကြိုက်​တတ်​တာ​လေး​တွေကိုချက်​ပြုတ်​​ပေးတတ်​သည်​   အထူးသဖြင့်​ပန်းသီးအစာသွပ်​pieမုန့်​​လေး     ထယ်​ငယ်​ငယ်​တုန်းကထယ့်​​မေ​မေခဏခဏလုပ်​​ကျွေးဖူးတဲ့ထယ့်​အကြိုက်​ဆုံးမုန့်​​လေးဆိုပြီးMrs.AnnaကMr.Oliverကို​ပြောဖူးတယ်​တဲ့    သူတို့နှစ်​​ယောက်​ဘယ်​​လောက်​ပဲကြိုးစားပြီးထိုမုန့်​ကိုလုပ်​လုပ်​ရလဒ်​က​တော့အမြဲတမ်း​ဒေါသတကြီးပစ်​ချခံရသည်​    သူတို့နှစ်​​ယောက်​ချက်​ပြုတ်​​ပေးတဲ့ဟင်းလျာမှန်​သမျှကိုလည်းအကုန်​​မှောက်​ပစ်​တတ်​သည်​မို့ထယ့်​ရဲ့​နေ့လည်​စာညစာ​တွေကိုမထိရဲသ​ရေစာမုန့်​​တွေသာလုပ်​​ပေးရသည်​   အာ....ထိုမုန့်​​တွေကအမြဲတမ်းအမှိုက်​ပုံးထဲ​ရောက်​​ပေမယ့်​လို့​ပေါ့  Mr.Oliverကသူနဲ့ထယ့်​ရဲ့ဆက်​ဆံ​ရေးကို​ရိပ်​မိဟန်​ရှိ​ပေမယ့်​Mr.Oliverဘက်​ကစတင်​ပြီးမ​မေးမြန်းခဲ့သလိုသူ့ဘက်​ကလည်းတစ်​ခွန်းမှမဟခဲ့

Hello Lucifer Where stories live. Discover now