Ep 12

1.3K 205 25
                                    

Zawgyi

Warning!! စစချင်းကတည်းက warning​ပေးပြီး​ပေမယ့်​ထပ်​​ပေးတာပါ ရိုင်းစိုင်းတဲ့စကားလုံးပြင်းထန်​တဲ့စကားလုံးပါမှာမို့အဆင်​မ​ပြေရင်​မဖတ်​ပါနဲ့.   Ficကိုficလိုဖတ်​လို့​ပြောရင်​လည်း​ခွေးစကား​ပြောတယ်​လို့​ပြောတဲ့​ခေတ်​ကြီးမို့ဒွါမာ​တွေ​တောင်​သိပ်​မဖန်​တီးရဲဘူး    ဆို​တော့ကားဘာမှမဟုတ်​တာကအစ sensitiveဖြစ်​မယ့်​​ပေပီတို့နဲ့ဒီအပိုင်းကအဆင်​​ပြေမှာမဟုတ်​တာမို့လွတ်​ချလည်းရပါတယ်​လို့

အပြင်​မှာသာတစ်​ဖက်​ကိုစက္ကန့်​ပိုင်းမျှကင်​ထားသည့်​အသားကိုဓားနဲ့လှီးလိုက်​​တော့အတွင်းပိုင်းကအစိမ်းသာရှိ​နေ​သောအသားက​နေ​သွေး​တွေကစိမ့်​ကနဲထွက်​လာ​လေသည်​     လှီးဖြတ်​ပြီးသားအပိုင်းကိုခက်​ရင်းနဲ့ထိုးကာအ​နေအထားကိုကြည့်​ပြီးပြုံး​လိုက်​သည်​   အသားကိုသူလိုချင်​တဲ့အ​နေအထားအတိုင်းကင်​ထားတာဘယ်​​လောက်​​တောင်​စိတ်​​ကျေနပ်​စရာ​ကောင်းလိုက်​သလဲ    ပါးစပ်​ထဲထည့်​​တော့လတ်​ဆတ်နူးညံ့သည့်​အသားက​ပျော်​ဝင်​မတတ်​     ပြီး​တော့ဝိုင်ခွက်​ကိုအနည်းငယ်​လှုပ်​ခါလိုက်​ကာတစ်​ငုံ​သောက်​ပြီးအ​ရှေ့မှရှိ​နေသူကိုပျင်းတိပျင်းရွဲကြည့်​လိုက်​သည်

ကင်​ဒိုဟွန်းဆိုသူကသူနှင့်​နှစ်​​ယောက်​တည်း​ဖြေရှင်းစရာရှိတာ​ဖြေရှင်းဖို့ကျန်​လူ​တွေကိုပထုတ်​လိုက်​ခြင်း    စစချင်း​Jeonကလက်​မခံသလိုဖြစ်​​သော်​လည်းသူအဆင်​​ပြေတာမို့အပြင်​မှာ​စောင့်​​နေ​ပေးရန်​ဆို​သောစကားတစ်​ခွန်း​ကြောင့်​ချက်​ချင်းပင်​ငြိမ်​ကျသွားတာ    သူ့စကားတစ်​ခွန်းဆိုတစ်​ခွန်းတည်းလိုက်​နာ​သော​Jeonကိုအမြဲတမ်းအချစ်​ပိုရစမြဲ      အကုန်​​ရှောင်​​ပေးသွားပြီးမှာထားသည့်​အစားအ​သောက်​လာချကာထယ်​​ယောင်းတစ်​လုတ်​စားပြီးသည်​အထိစကားတစ်​ခွန်းမျှမဆိုဘဲတိတ်​ဆိတ်​​နေ​သောအ​ရှေ့ကလူ     ဒါမှမဟုတ်​...ထိုလူ​ရှင်းထုတ်​ရမည့်​သူက​သွေးသားရင်းဖြစ်​​နေလို့ပဲစကားစီ​နေသလား​တော့မ​ပြောတတ်

Hello Lucifer Where stories live. Discover now