Ep 19

1.3K 159 14
                                    

Zawgyi

နော်​​ဝေးနိုင်​ငံသို့ပျံသန်းမည့်​​လေယာဉ်​​ပေါ်တက်​ထိုင်​ပြီး​နေတဲ့အထိသူ့မှာရင်​မ​အေးနိုင်​    ထယ်​နှင့်​ပြန်​​တွေ့မည့်​အခါ​ပြောရမည့်​စကားများကိုစဉ်းစား​နေမိသည်​    မျက်​ဝန်းပြာ​လေးကသူ့ကို​လေးနှစ်​လုံးလုံးပစ်​ထား၍စိတ်​ဆိုး​နေမည်​လား     မြတ်​နိုးရသူကမာနကြီးသူမို့သူ့ကိုဆိုးဆိုးဝါးဝါးဆက်​ဆံပြီးနှင်​ထုတ်​မည်​လားမ​တွေးတတ်​    ဘယ်​လိုဖြစ်​ဖြစ်​လွမ်း​နေရသူအနားကုပ်​တွယ်​ထားဖို့သူဆုံးဖြတ်​ပြီးသားပါ     မြတ်​နိုးရသူထံချက်​ချင်းလိုက်​လာခြင်းက​ဆောင်းဟိုထံမှကြားရသည့်​​ဖြေရှင်းချက်​​ကြောင့်​လားဆိုတာသူ့ကိုယ်​သူမ​သေချာ​ပေ.   ဒါမှမဟုတ်​​ဆောင်းဟိုရဲ့​ဖြေရှင်းချက်​ကပဲထယ့်​ကို​​တွေ့ချင်​​နေတဲ့သူ့စိတ်​ကိုချက်​ချင်းသွား​တွေ့ဖို့အ​ကြောင်းပြချက်​​ကောင်းတစ်​ခု​ပေလားမ​ပြောတတ်​    အမှန်​တိုင်း​ပြောရရင်​ထိုညကိစ္စကို​ဆောင်းဟိုထံကကြားပြီး​သေချာ​နေတဲ့သူ့စိတ်​​တွေဟာဇ​ဝေဇဝါပြန်​ဖြစ်​လာ​တော့သည်

-
-

"တကယ်​​တော့...အဲ့​နေ့ညက..."

သခင်​​လေးရဲ့စီးပွား​ရေးဖက်​မှအ​ရေးကြီးတဲ့အလုပ်​ကိစ္စ​ပြောရန်​​ခေါ်ဆိုလာသည်​မို့သခင်​​လေးရှိရာအိမ်​​ထဲဝင်​လာ​သော်​လည်းဘယ်​သူ့ကိုမှမ​တွေ့သည်​မို့ခြံထဲမှာများရှိမလားဆိုပြီးလှည့်​ပတ်​ရှာလိုက်​သည်​     က​လေးသံသဲ့သဲ့လာရာက​ရေကူးကန်​ဘက်​မို့ထိုသို့သာတန်းတန်းမတ်​မတ်​သွားလိုက်​​တော့မယုံနိုင်​ဖွယ်​ရာမြင်​ကွင်း     တကိုယ်​လုံးရွှဲရွှဲစို​နေပြီးက​လေးကို​ပွေ့ကာမြက်​ခင်း​ပေါ်ယမကာ​ကြောင့်​​ခြေပစ်​လက်​ပစ်​ဖြစ်​​နေ​သောဂျွန်​​ဂျောင်​ကုအားသခင်း​လေးက​သွေး​အေးစွာငုံ့မိုးကြည့်​လျက်​   ​ဆောင်းဟိုမှာအလန့်​တကြားဖြစ်​ပြီးသခင်​​လေးတို့နားခပ်​သွက်​သွက်​​လျှောက်​သွားလိုက်​သည်​    က​လေးတစ်​ခုခုဖြစ်​ပြီလားဆိုသည့်​စိုးရိမ်​စိတ်​ဖြင့်​သခင်​​လေးလက်​ထဲမှအနှီးထုတ်​​လေးကိုစူးစိုက်​ကြည့်​လိုက်​​တော့လက်​​သေး​သေး​လေးကတစ်​ချက်​တစ်​ချက်​လှုပ်​လာ​လေရဲ့.   ထို့အခါမှသူ့မှာစိတ်​ကိုဒုံးဒုံးချနိုင်​​တော့သည်​    က​လေးကိုစိုးရိမ်​သည်​ထက်​သခင်​​လေးကိုထိုမ​ကောင်းမှု​တွေမကျူးလွန်​​စေချင်​ရုံသာ   အကယ်​၍မဖြစ်​မ​နေဆိုလျှင်​သူလက်​ဖြင့်​သာအဆုံးသတ်​မည်

Hello Lucifer Where stories live. Discover now