" ဆရာမကြီး တောင်းပန်ပါတယ်နော် ကျေးဇူးလည်းတင်ပါတယ် "
" နေစမ်းပါအေ နားညီးလို့ပြန်တော့ ကလေးမထိန်းနိုင်ရင် လာမခေါ်နဲ့ ငါပဲမွေးစားလိုက်မယ် ညည်းကအမေမဟုတ်ဘူး မိထွေး "
ညဘက်ရာက်တော့မှ အလောသုံးဆယ်နဲ့ အမျိုးသမီးခမျာ စိုးရိမ်မှုကြီးစွာ ငိုယိုပြီးကလေးကို
လာတွေ့သည် ဒေါသမသေသေးတဲ့ ကျောင်းအုပ်ကြီးကတော့ အပေါ်ကနေဟောက်နေတာပေါ့ ကလေးအမေကတောင်းပန်လိုက် ဆရာမကြီးကဆူလိုက်နဲ့ မပြီးနိုင်တော့" သားကလေ သားကြီးက မျက်ဖြူလန်သွားတာဆရာမကြီးရဲ့ သူ့အဖေနဲ့ကျမလည်း ဘာလုပ်ရမှန်းမသိလို့ ကလေးပွေ့ပြီးဆေးရုံပြေးတာ တံခါးတောင်ဆိုက်ကားဆရာပိတ်ပေးလို့ ထူပူပြီး သားငယ်ကိုမေ့သွားလို့ပါရှင် "
" ညည်းတို့ဘာပဲဖြစ်ဖြစ်ပေါ့ မွေးတာမကြာသေးတဲ့ကလေးကို အိမ်ထဲမေ့ထားခဲ့တာ လွန်တာပဲ အနည်းဆုံးတော့ ငါ့ဆီလာထားပါလို့ပြောတာတစ်လထဲသုံးခါမကတော့ဘူး အမွှာလေးတွေကိုထိန်းမနိုင်တာအလုပ်ရှုပ်တာငါသိတယ် လူပိုမရှိလို့ပင်ပန်းတာလည်းသိတယ် အဲ့ဒါကြောင့်ငါ့ဆီရောက်အောင်တော့ပို့ကြပါဟဲ့ မဟုတ်လည်း ငါလာခေါ်ပေးပါ့မယ် "
" ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး ဆရာမကြီးကိုလည်းအားနာလို့ပါ အမြဲအလုပ်ရှုပ်မိလို့''
" သားကြီး ရောသက်သာရဲ့လား "
" စိတ်ညစ်ပါတယ် သားကဘာလို့ချူချာမှန်းမသိဘူး သားငယ်ကျန်းမာသလောက် သားကြီးကအမြဲတစ်ခုခုဖြစ်တယ် အခုလည်းဆေးရုံမှာတစ်ပတ်ဆယ်ရက်နေရမယ်နဲ့တူတယ် ကျမလည်းမွှန်ထူပြီးသားငယ်ကိုပြန်လာကြည့်တာ သူ့အဖေက ဆေးရုံစောင့်နေတယ်လေ "
" အေးပါစိတ်ချသွား ငါရှိတယ် "
" ဒါနဲ့ သားငယ်ရော ငိုသံမကြားလို့ "
" အပေါ်ထပ်မှာလေ သူ့အစ်ကိုပေါင်ပေါ်အိပ်ပြီးနို့စို့နေတယ် ကလေးကငြိမ်နေတာမှ နင်တို့လက်ပေါ်မှာနဲ့တခြားစီ
သွားတက်ကြည့် "" အယ် ဟုတ်ပ ဒီသားလေးကဘယ်သူလဲဟင် ဖြူဖွေးပြီးနုဖတ်နေတာပဲ "
YOU ARE READING
လွန်
General Fiction" ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ "