အပိုင်း (၂၀)

2K 89 5
                                    

နေ့ခင်းသုံးနာရီလောက်ဆို နေ့နဲ့ချန်းမြတ်တို့
သိုးခြံကိုပုံမှန်ရောက်နေကြပြီ အဲ့ဒီ့ချိန်ကသိုးကျောင်းထွက်တဲ့ချိန်မို့  သိုးတွေပြန်မရောက်ခင် နေ့တစ်ယောက်ထဲ
သိုးခြံကိုလှည်းကျင်းသန့်ရှင်းရေးလုပ်ရသည်
သိုးတွေပြန်လာရင်ရေဆာနေမှာမို့ ခြံထဲက
မြေအိုးတွေထဲ ရေတွေဖြည့်ကာအဆင်သင့်
ပြင်ပေးထားသည်

အတူလာပေမဲ့ နေ့ အလုပ်လုပ်တဲ့နေရာမှာတော့
ချန်းမြတ်ကိုတော့မတွေ့ရ တောထဲကခြံဆိုတာ
အကျယ်ကြီးပေမို့ ခြံထဲလျှောက်သွားကာ
တွေ့သမျှအပင်ခူးစားနေသည် စားကောင်းရင်
နေ့ ပါးစပ်ထဲလာခွံ့သည် လက်ထဲက ပျားရည်အိုး
ကိုရွှေအိုးအလားပွေ့ပိုက်ပြီး လှည့်လည်နေခြင်းပင်

ချန်းမြတ်အလုပ်က ခြံထဲကသံပုရာသီးတွေခူး
ပြီးရင် အရည်ညှစ်တဲ့ဟာထဲထည့်ကာ အားပါးတရ
ထိုင်ညှစ်နေသည် ရလာတဲ့အရည်ကိုရေနဲ့ရောဖျော်
ပြီးနောက် အဖိုးတန်ပျားရည်လေးကို လက်ညှိုလေး
နဲ့ကလော်ထည့်လိုက်သည် လက်ထဲကပ်နေရင်
တပြွတ်ပြွတ်နဲ့စုပ်လိုက်ထည့်လိုက်လုပ်နေတဲ့ ထို
လက်ညှိုးလေးနဲ့ပဲတစ်ချက်နှစ်ချက်မွှေလိုက်တော့
ပျားသံပုရာရည်တစ်ခွက် ရရှိလာပါတော့သည်

" နေ့ပြီးပြီလား ချွေးအရမ်းထွက်နေရင်ဒါလေး
သောက်လိုက် ငါဖျော်ထားတာ ကိုယ်တိုင်ခူးထားတဲ့
သံပုရာသီးတွေနဲ့ .....အင့် "

ရုတ်တရက်လှမ်းဖက်လိုက်တဲ့နေ့ ကြောင့်
စတီးခွက်မစောင်းသွားအောင် သေချာထိန်းလိုက်
ရသည် သူရေတော်တော်ဆာနေချိန်မှာ
ပျားသံပုရာတွေ့တော့ တော်တော်လေးပျော်သွား
တာဖြစ်မယ်

" ရေငတ်နေတာလား "

" တကယ်ကြီးကိုကိုဖျော်ပေးတာ ကျနော့်တွက်လေ
အားးး မသောက်ရက်တော့ဘူး "

" မသောက်လည်းနေငါသောက်မယ် "

" မရပါဘူး ကျနော့်ဟာ အကုန်သောက်ပစ်မှာ "

ဝမ်းသာအားရနဲ့သောက်လိုက်တာ တစ်ခွက်လုံးသာ
ကုန်သွားတယ်ဘာအရသာမှန်းမသိလိုက် အမှန်တိုင်း
ပြောရရင်တော့ ချဉ်သလိုပဲ အစေ့နှစ်စေ့လည်းမြိုချ
မိလိုက်တယ် ဒါပေမဲ့လည်းအကောင်းဆုံးပါပဲ

လွန်Where stories live. Discover now