အပိုင်း ( ၇ )

2.4K 143 7
                                    

အချိန်တွေကြာလာတာနဲ့အမျှ အတိတ်ရဲ့ပုံရိပ်ပမာ ဖြစ်ပြီးသမျှအရာတိုင်းက အလိုလို
မေ့မေ့လျော့လျော့ဖြစ်လာလေ့ရှိပြီး ကိုယ်စီ ကိုယ့်ဘဝနှင့်ကိုယ်ရှေ့ဆက်သွားရတာချည်း

ဒေါ်ပြုံးသည်လည်း ပင်စင်ရပြီးမကြာမီ သာသနာပြုသည့်အနေနှင့် သီလရှင်ဝတ်ကာ
ဘုရားရိပ်တရားရိပ်တွင်သာ ခိုနားတော့သည်

ချန်းမြတ်ရဝေကတော့ အခုဆိုအိမ်ခြံမြေလောကရဲ့
ပိုမိုအောင်မြင်တဲ့ သူဌေးတစ်ယောက်ဖြစ်နေပြီ
သို့သော်....
ငယ်ငယ်ကတည်းကအရင်းခံလာတဲ့ ဒေါသလေးက
ခုဆိုခပ်လွယ်လွယ်ထွက်တတ်လာပြီး အရင်ကထက်လည်း ဇီဇာကြောင်လာသလိုလို

" ကိုကို "

ရုံးခန်းထဲဝင်လာတဲ့ လူငယ်ကောင်လေးတစ်ယောက်ထံ
စာရွက်ဖိရာမှာသုံးတဲ့ ဇီးကွက်ဖန်တုံးလေးက ရင်ဘတ်တည့်တည့် ပျံသန်းလာသည်

" မင်းကိုငါခေါ်ထားတာဘယ်ချိန်လဲ "

အားနဲ့ပစ်ပေါက်လိုက်သည်မို့ နာကျင်ပုံရပေမဲ့လည်း
မျက်နှာလှလှလေးပေါ်မှာ မကျေနပ်ခြင်းအလျင်းမရှိခဲ့

" ဘယ်မှာကလေကချေသွားလုပ်နေတာလဲ ခွေးကောင်ရဲ့ ဖြေလေ "

တရှူးရှူးတရှဲရှဲနဲ့ ဒေါသတကြီးဆဲရေးဆိုနေတာတောင် ဆူခံထိသူကတချက်လေး မျက်နှာမပျက်သွားတဲ့အပြင် ဘာဆိုဘာမှပြန်မပြောသေးပဲ ချန်းမြတ်ငြိမ်သွားတော့မှ ကြမ်းပြင်ပေါ်က နှစ်ခြမ်းကွဲသွားရှာတဲ့ ဖန်တုံးလေးရဲ့ ဖန်ကွဲအစနတွေကောက်ပြီး ထုပ်ပိုးကာအမှိုက်ပုံးထဲထည့်လိုက်သည်

မဟုတ်ရင် ဒေါသဂုဏ်မာန်ရက စကားနဲ့ဆူပူရတာအားမရလို့ လက်ပါချင်လို့ပြေးလာရင်း တက်နင်းမိကုန်မှဖြင့် တကယ့်ပြဿနာကြီးဖြစ်မှာ

အရင်ကိစ္စတွေပြီးဆုံးပြီး
နေ့အလင်းပုံမှန်အခြေနေပြန်ရောက်ပြီးတာတောင်
အဘိုးဖြစ်သူထံမပြန်ခဲ့ပဲ ချန်းမြတ်နှင့်သာနေခဲ့သည်
အရင်လိုဆိုးသွမ်းဂျီကျတဲ့ကလေးမဟုတ်တော့ပဲ
ချန်းမြတ်စကားတစ်ခွန်းဆိုတစ်ခွန်း အရှေ့ရပ်စေရင် ကျန်တဲ့အရပ်တွေကို ရှိတယ်မထင်တော့ပဲ လှည့်မကြည့်တတ်သူမျိုးမို့ နေ့အလင်းခမျာ ချန်းမြတ်ရဲ့အုပ်ထိန်းမှုတွေအောက်မှာပဲ ပင်ပန်းကြီးစွာဆယ်နှစ်နီးပါးငြိမ်ဝပ်ပိပြားခဲ့ရရှာသည်

လွန်Where stories live. Discover now