အပိုင်း (၁၇)

2K 92 2
                                    

" ဘကြီး ထွက်ကြည့်ပါဆို ဒီတစ်ခါတခြားသူဌေး
သူကလွယ်လွယ်ပြန်မယ်မထင်ဘူး "

" ငါကချော့မော့ပြီးပြန်ခိုင်းရမှာလား ညည်းဘာသာ
ကြည့်ပြောလိုက် ငါကျားထိုးနေတယ် "

" ပုံစံက ရွာဘုရားပွဲတုန်းက ကတဲ့ပြဇာတ်မင်းသားနဲ့
တူပါတယ်ဆို မှုံနေအောင်ချောတယ် ကြည့်လိုက်ပါ
သူကဈေးများများပေးနိုင်လောက်တယ် "

" အဘိုးရာသွားကြည့်လိုက်ပါ ဒေါ်ကြီးက
ဘာပြောတတ်မှာလဲ ကျနော်နဲ့ကဘယ်ချိန်ဆော့ဆော့ရပါတယ် "

" အေး ငါ့မှာဘာရောင်းစရာမှမရှိဘူး ဒီဟာပဲမျက်စိ
ကျနေလိုက် တကထဲ ထန်းတောလေးနည်းနည်း
ပိုင်ပါရဲ့ ဘယ်သူမှန်းမသိပေမဲ့ ငါနဲ့တော့တွေ့ပြီ "

,

,

,

အဘိုးရဲ့အသံကျယ်ကြီးထွက်လာချိန်မှာတော့
နေ့ သည်းမခံနိုင်တော့ဘဲ ပြေးထွက်လာခဲ့တယ်
ကျားတစ်ကောင်လိုအားမာန်နဲ့ ဟန်ပန်အပြည့်ပေါ့
ပြေးထွက်လာပြီးမှ ........

" ကိုကို "

မထင်မှတ်ထားတဲ့သူကိုတွေ့လိုက်ရတော့
အံ့အားသင့်သွားကာ မာန်ဖီနေတဲ့ကျားအဖြစ်ကနေ
ချက်ချင်းပင် ချစ်စဖွယ်ဖြူစင်စွာ လက်သည်းတွေဖွက်ထားတဲ့ ကြောင်လေးတစ်ကောင်
အဖြစ်သို့ပြောင်းလဲသွားတော့တယ်

" မင်းကဘာလို့  .... "

" ဟို ဟို  တောင်းပန်ပါတယ် အဘိုးနေမကောင်းလို့
ကိုကို့ကို....  "

" ဟက် ထန်းတောပိုင်ရှင် ဦးလူလှဆိုတော့ အဘိုးကြီးလူလှမှန်းမထင်ထားမိလိုက်ဘူး "

" ကိုကိုနေပူတယ် အထဲဝင်ပါ "

" အေး ကားထဲကအထုပ်တွေသွားယူခဲ့ "

" ဟုတ်ကဲ့ "

" အိမ်ထဲဝင်ပြောကြတာပေါ့ "

မှုံနေအောင်ချောပါတယ်ဆိုပြီး ပြောခဲ့တဲ့အဒေါ်တွေ
ခမျာ ချန်းမြတ် အပြုမူအပြောဆိုတွေကို ကြားသိ
ရပြီးနောက်ဘယ်သူကမှ အမြင်မကြည်ချင်တော့

အထူးသဖြင့် ထိုင်ဖို့အရေးတောင် သူတို့အဖိုးတန်
တူချောလေးမှာ ပျာပျာသလဲ ပုဆိုးအကောင်းတွေ
ခင်းပေးရတာနဲ့ ကပ်စေးနဲအဖိုးအိမ်မို့ air con
မရှိတာကြောင့် ယပ်တောင်နှစ်ချောင်းကိုင်ပြီးယပ်ခပ်
ပေးရတာနဲ့ အလုပ်ရှုပ်နေပုံကိုကြည့်ပြီး အဒေါ်တွေ
သာမက အဖိုးကြီးပါ အမြင်ကပ်လာကြတော့သည်

လွန်Where stories live. Discover now