အပိုင်း ( ၅ )

2.7K 150 5
                                    

" နေ့နေ့ လက်ကဘာဖြစ်တာလဲ ကိုကိုရိုက်လို့လား "

" ကိုကိုမကြိုက်တာလုပ်မိလို့ "

" ချန်းလေးကလည်း တကယ်ပါပဲ အဲ့ဒါကြောင့်မပို့ချင်တာ စည်းကမ်းသိပ်ကြီးတယ် "

" ကိုကိုပေးတဲ့စာအုပ်ကိုဖြဲပစ်မိတာကိုး "

" သားကလည်း ဟုတ်လဲဟုတ်တယ် အကြမ်းစာအုပ်တွေဖြဲဖို့လုပ်ပေးထားတာဘာလို့ အကောင်းတွေချည်း ဖြဲနေရတာလဲ ဟိုကဒေါသကြီးကကြီးနဲ့ "

" အကြမ်းကြီးနဲ့မခေါက်ချင်ပါဘူး စာရွက်ချောချောလေးပဲလုပ်ချင်တာ မေမေကမသိပဲနဲ့ မပြောပါနဲ့ "

" အမေကိုအော်တယ်နော် ကိုကိုနဲ့တိုင်ရမလားပြော "

" ဟင့်အင်း "

မေမေကတစ်မျိုး ကိုကို့တွက်ပန်းလှလှလေးတွေကို
စက္ကူကောင်းကောင်းလေးနဲ့ပဲလုပ်ပေးချင်လို့ပါဆို

" ည ခဏနေTVပိတ်ပြီးအိပ်ရမယ်နော် "

" ဟုတ် ကိုကို သားဒါလေးပြီးရင်ပိတ်ပါ့မယ် "

" လိမ္မာတယ် "

မူလတန်းကလေးအရွယ်တွေဆိုတာ TVနဲ့တခြားဂိမ်းစက်တွေ အကြာကြီးပေးမကိုင်သင့်
မဆော့ခိုင်းသင့်တာကြောင့် ညကိုစည်းကမ်းထားပေးရသည် နေ့ကိုလည်းမပြောသည်တော့မဟုတ် သူ့မိဘတွေကိုယ်တိုင်က ကလေကချေလေးဖြစ်အောင် အလိုလိုက်ထားတော့လဲ အမောခံပြောမနေတော့
ကိုယ့်အရိပ်အောက်မှာရှိနေတဲ့ညကိုသာ လူကောင်းလေးဖြစ်အောင်လုပ်ပေးမည် ဟိုလူဆိုးကောင်ကတော့ ကြာလေဆိုးလေ ကြီးလေမိုက်လေနဲ့ အခုဆိုသုံးတန်းသာရောက်လာရတယ်
စာလည်းသေချာမဖတ်နိုင်သေး

ဒီအရွယ်လေးနဲ့ ကျောင်းစတက်ကတည်းက လက်သီးနဲ့ထိုးရတာနဲ့ ထမင်းချိုင့်နဲ့ကောက်ထုရတာနဲ့
ဒေါ်နန်းဘဝက ရှိစုမဲ့ငွေထုပ်ပိုက်ပြီး လိုက်ရှင်းရမဲ့ဇာတာမျိုး အခုဟာကလည်း အပြုံးကကျောင်းအုပ်ကြီးမို့သာဟန်ကျသည်
တခြားကလေးသာဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အသုံးလုံးတောင် ကျောင်းမှာသင်လိုက်ရမည်မဟုတ်

ကျောင်းစာကျတော့လည်း AEROPLANE တောင် တစ်ပတ်လောက်သင်ပေးလိုက်ရလို့ ဆရာမသစ်လေးခမျာ ထိုင်ပြီးငိုရတဲ့အဖြစ်
ဒေါ်ပြုံးကလည်း ဒီကလေးဆိုသည်းသည်းလှုပ် ချန်းမြတ်တောင် ဆူရင်မကြိုက် ရိုက်မိရင်တော့ ပိုဆိုး
ပြောမဆုံးတော့ အရိုက်ခံရတဲ့ကလေးပိုဆိုးတတ်တာမို့
ဆိုပြီးတားမြစ်ထားသည်

လွန်Where stories live. Discover now