အပိုင်း (၂၉)ဇာတ်သိမ်း

5.6K 138 10
                                    

ဆိုင်တစ်ဆိုင်ထဲမှာ ရုပ်ရည်ဆင်တူအမြွှာနှစ်ယောက်
မျက်ချင်းဆိုင်ပြီး အချိန်တစ်ခုကြာတဲ့အထိ စကားသံ
တွေထွက်မလာ......

" coffeeရပါပြီ "

" ဟုတ်ကဲ့ပါ "

" စကားမပြောပဲဘာလို့ငါ့ကိုခေါ်တွေ့တာလဲ "

" ကိုကိုဒီနေ့ဆေးရုံဆင်းရမှာလေ "

" အဲ့ဒီ့တော့ "

" ကိုကိုစိတ်ဆင်းရဲစေမယ့်ဘာပြုမူမှမလုပ်မိအောင်
နေကြမယ်လို့ပြောမလို့ "

" ဟက် ဒါပဲလား စိတ်ချငါလည်းကိုကိုစိတ်ညစ်
အောင်မလုပ်ချင်ဘူး ရန်ဖြစ်စရာရှိရင်ဘောလုံးကွင်း
ထဲခေါ်ပြီးသတ်မှာ "

" မင်းကငါ့ကိုနိုင်မယ်ထင်လို့လား ညအလင်း "

" ရန်ဖြစ်ဖို့ငါ့ကိုခေါ်တာလို့တော့မပြောနဲ့ "

" တောင်းပန်ပါတယ် ညီလေး "

" ဟွတ် အဟွတ် .... ဘာ ညီ ညီလေး "

မကြားဖူးတဲ့အခေါ်ဝေါ်ကြောင့် ည သောက်နေတဲ့
coffeeတောင်သီးသွားရသည် ရုတ်တရတ်ကြီး

" ငါအဲ့ဒီ့ညက မင်းကိုကယ်ချင်ခဲ့တာပါ အမြဲ
စိတ်မကောင်းလည်းဖြစ်နေတုန်းပဲ ငါအရင်ရေကူး
ပြီးအကူညီတောင်းပေးချင်ခဲ့တာ ဒါပေမဲ့မတတ်နိုင်
ခဲ့လို့ တောင်းပန်ပါတယ် "

" စိတ်ရင်းနဲ့လား "

" တကယ်ပါ ဒါနဲ့မင်းကဘာလို့အိမ်ထောင်ကျတဲ့
အကြောင်းမပြောခဲ့တာလဲ မင်းသာပြောခဲ့ရင် ဒီနေ့
လိုဖြစ်မလာဘူး "

" အမြင်ကတ်လို့ မင်းကိုစိတ်ဆင်းရဲစေချင်တာ
ကိုကိုနဲ့မင်းရဲ့ ပတ်သက်မှုကိုငါသိနေခဲ့တာမို့ တမင်
လက်စားချေတာ ရပြီလား "

" ကိုကို့ကိုကြောက်လို့မဟုတ်ဘူးလား မင်းက
ဘယ်အရွယ်ထဲက အိမ်ထောင်ပြုလို့ ကလေးတွေက
ဒီအရွယ်ရောက်ကုန်တာလဲ "

" ငါက၁၆နှစ် မအသက်က ၁၉နှစ်မှာအိမ်ထောင်
ကျတာ ငါအသက်နှစ်ဆယ်ပြည့်တဲ့အချိန် ကလေး
လေးယောက်ရနေပြီ "

" အံ့သြဖို့ကောင်းလိုက်တာ ငါ၁၆နှစ်မှာဘာလုပ်နေခဲ့
လဲသိလား "

လွန်Where stories live. Discover now