အပိုင်း (၂၈)

2.7K 122 7
                                    

" နိုးလာပြီလား "

" ဟင် ငါအိပ်ပျော်သွားတယ် "

" ဆေးရုံပြန်ရောက်တဲ့ထိ တချက်လေးတောင်
နိုးမလာဘူး ဘယ်လောက်တောင်အိပ်ရေးပျက်
ထားလဲ ဟမ် ကိုယ်မင်းအကြောင်းတွေ အကုန်
ကြားပြီးသွားပြီ အရမ်းဆိုးတာပဲ "

" ငါ့ကိုမဆူပါနဲ့ဆို ငါလည်းမတတ်နိုင်ဘူး "

" နောက်ဒါမျိုးနေခွင့်မရှိတော့ဘူးနော် "

" နေ့ ငါအဆင်ပြေပါ့မလား အစကမကြောက်ပေမဲ့
အခု ငါပြန်ကောင်းချင်တယ် မင်းကငယ်ငယ်လေး
ငါက အသက်ကြီးတယ် နောက်ပြီး ကျန်းမာရေးကပါ
မကောင်းဘူး ... "

" ရှူး ကျနော်တို့အကြာကြီးအတူနေရမှာ ပြီးတော့
ကိုကို့လို ၃၄နှစ်မျိုး ကလေးပေါက်စလေး ဘယ်သူ
ထပ်ရှိနိုင်မှာလဲ ကျနော့်ညီလေးလို့ပြောရင်တောင်
ဘယ်သူမှငြင်းရဲမှာမဟုတ်ဘူး "

" ဟားးဟား နေ့ မင်းလည်းဟာသပြောတတ်တယ် "

" ဘာမှမပူနဲ့ကိုကို ခုနလိုမျိုးခဏလေးထပ်အိပ်ရုံပဲ
လုပ်နိုင်တယ်မလား အားလုံးပြီးတာနဲ့ ကိုကို ကျနော့်
ကိုအရင်ဆုံးပြန်မြင်ရမှာ နိုးလာတဲ့ထိဘယ်မှမသွား
ပဲ အနားမှာစောင့်နေမယ်နော်  "

" အင်း "

" လိမ္မာတယ် "

.

.

.

.

.

.

ကိုကို့ခွဲစိတ်မှုက အဆင်ပြေချောမွေ့စွာနဲ့ပဲ
အောင်မြင်သွားခဲ့တယ် နေ့ ကတိပေးထားသလို
သတိရလာတဲ့အခါ အနားမှာတစ်ချိန်လုံးရှိနေ
ပေးခဲ့တာကြောင့် ရက်တိုတိုအတွင်း ချန်းမြတ် တော်တော်လေး နာလန်ပြန်ထူလာခဲ့ပါတယ်

ဘယ်သူမှတိုက်မရတဲ့ဆေးတွေက နေ့ တစ်ယောက်ရှိနေရုံနဲ့ လွယ်ကူစွာတိုက်လို့ရပြီး အစားလည်းကျွေးသလောက်စားနိုင်
နေပြီ ဒီလိုသာဆို မကြာခင်ဆေးရုံဆင်းရမဲ့ရက် ရောက်လာပါတော့မယ်

" ဆေးရပြီ သောက်လိုက် "

" တော်ပါတော့ ငါဆေးသောက်ရတာနဲ့ ပြန်သေတော့
မယ် "

လွန်Where stories live. Discover now