အပိုင်း (၂၄)

2.1K 94 4
                                    

်မနက်ခင်းမှာတော့ပုံမှန်အတိုင်း နေ့ စောစောထပြီး
ကိုကို့အကြိုက်ချက်ပြုတ်ပြင်ဆင်ပေးနေသည်
တခြားအရာတွေသာမလုပ်ပေးဘဲနေနိုင်မယ်
အစားအသောက်ကိစ္စတော့မရ ကိုကိုကချေးသိပ်
များတယ်မဟုတ်လား နေ့ လက်ရာကိုသာစားတတ်
တာမို့ ဘယ်လောက်စိတ်အခန့်မသင့်ဖြစ်ပါစေ
ဟင်းတော့ချက်ပေးရှာသည် တခြားနေရာသွားလျှင်
တော့ သုံးလေးရက်စာ ကြော်လှော်ပေးခဲ့လေ့ရှိသည်

" နေ့နေ့ "

" ငါမအားဘူး မနက်စာပြင်နေတယ် "

" ငါ့ကိုဘာလို့ရှောင်နေတာလဲ ငါပြန်လာတာဝမ်းမသာ
ဘူးလား "

" ငါ့ရှေ့မှာတော့မင်းဟန်ဆောင်စရာမလိုပါဘူး
မင်းဘာလိုချင်နေတာလဲ "

" ဟက် မင်းသိနေတာပဲ ငါအကုန်မှတ်မိနေတာ "

" မွေးကတည်းက ပိုကောင်းတဲ့ဥာဏ်ကိုငါရထားတာ
ကိုပါ မမေ့ရင်ကောင်းမယ် "

" နောင်တရလားနေ့ "

" အဲ့ဒီ့နေ့က ပျောက်ဆုံးသွားတာငါမဟုတ်ဘဲ
မင်းဖြစ်နေခဲ့တာကိုလား အမြဲကျေးဇူးတင်နေခဲ့
တာလေ "

" မင်းကိုလည်းငါ့လို ကိုကိုနဲ့ဝေးဖူးစေချင်တယ် နေ့
အဲ့လောက်ဆိုမင်းနောင်တရလာမလား အရင်ဘဝ
ကမင်းနဲ့ငါနဲ့ တော်တော်ရန်ငြိုးကြီးခဲ့တဲ့ပုံပဲ ဟားး
အဲ့ဒါကြောင့် ငါမင်းကိုအလျော့မပေးတော့ဘူး ပြီးတော့ မင်းရဲ့အားနည်းချက်ကို ငါသိနေပြီထင်တယ် "

" မင်းကဘာလို့တစ်ခါထဲ မသေသွားရတာလဲ
ညအလင်း "

ထိုစဉ်......

" နေ့  ဘာဖြစ်နေတာလဲ "

" နေ့နေ့က ဘာလို့အခုထိ ကျနော့်ကိုမုန်းနေရတာလဲ
ဒီအိမ်မှာနေတာမကြိုက်ရင်လည်း ရွာကိုပဲပြန်ပါတော့
မယ် ညီအကိုချင်းရန်မဖြစ်ချင်လို့ပါ "

" နေ့အလင်း မင်းစိတ်ထားကောင်းကောင်းထားလို့
မရဘူးလား ခုနကဘာစကားပြောလိုက်မှန်းမင်းသိ
ရဲ့လား ဒါမင်းညီနော် ပြန်တောင်းပန်လိုက်စမ်း "

" သောက်ပိုတွေ ''

" ဘယ်လိုလေသံမျိုးနဲ့ .... မင်းကတော့ ... "

လွန်Where stories live. Discover now