ဆူညံနေတဲ့မနက်ခင်းက ချန်းမြတ်နဲ့နေ့ကို
အတူနိုးထလာစေခဲ့သည် တစ်ခြံလုံးဘာတွေ
အလုပ်ရှုပ်နေကြလဲမသိ" သားနီရေ တီ တီ တီ တီ.... "
" သားနီ သားနီ သားနီ "
" ဖေ့သားကြီး လာ လာ လာ ... "
စသဖြင့်ပေါ့....
" ဘာတွေခေါ်နေတာလဲ အဘိုး "
" မင်းတို့နိုးလာတာနဲ့အတော်ပဲ ငါ့သားကြီးရှာပေးကြ
ပါဦး တွန်သံမကြားလို့ ထကြည့်မိတာ မရှိတော့ဘူး
လေ "" အခိုးခံရတာများလား "
" ငါ့ရွာမှာသူခိုးမရှိဘူး ဒါနဲ့မင်းလက်ထဲကဘာလဲ "
" ကြက်တောင်ပံလေ ညကကြက်ကင်စားတာ ကျန်နေ
သေးလို့နှမျောတာနဲ့ အဘိုးစားချင်လို့လား ကျနော်က
တော်ရုံညဘက်အကျန်စားလေ့မရှိပေမဲ့ ဒါတော့
မပစ်ရက်လို့ "" ဘယ်ကရတာလဲ မနေ့ကကြက်သားမချက်ပါဘူး "
" နေ့ ဘယ်ကကြက်လဲတဲ့ "
" ဟို သားနီဆိုတဲ့ကြက် "
" ဘာ......မင်းလုပ်ရက်လိုက်တာ ငါ့သားနီ မင်းကို
ဘယ်လောက်ခင်တွယ်လိုက်လဲ လူယုံသတ်တယ်
ဆိုတာဒါမျိုးပါလား အသံလေးတောင်ပေးမသွားရရှာ
ဘူး ကြက်သားစားချင်ပြောပါ့လား ငါ့သားကိုမှဘာ
လို့လဲ "" အဘိုးစိတ်လျော့ပါ ညကကိုကိုဗိုက်ဆာနေတာနဲ့
အစာလွန်ပြီးဗိုက်အောင့်မှာစိုးလို့ "ဘေးကကြောင်ပြီးရပ်ကြည့်နေရှာတဲ့အဒေါ်တွေ
ခမျာ အံ့သြလွန်းလို့ ဘာပြောရမှန်းမသိ သူတို့
တူလေးက ဘာလို့များလုပ်နိုင်ရပါလိမ့်" မဖြစ်နိုင်တာ နေ့နေ့ကအရမ်းကြင်နာတတ်တာ
နွားလှည်းစီးတုန်းကတောင် လှည်းပြည့်ပြီး
အရမ်းလေးနေလို့ အပူကြီးထဲ လမ်းဆင်းလျှောက်တာ"" မင်း မင်းသတ်ခိုင်းတာမဟုတ်လား "
" ကျနော်ကလား ဘာလို့လဲ ကျနော်ကငါးပါးသီလ
လုံတယ် ဘယ်သူမှမသတ်ဖူးသလို မသတ်ခိုင်းဘူး "" မိစ္ဆာလေး မင်းကတော့ "
" တော်ကြပါတော့ ကြက်လေးတစ်ကောင်စားမိတာ
ဘာဖြစ်နေကြတာလဲ ပထမဆုံးလဲမဟုတ်ဘူး နေပြည်
တော်မှာပုရစ်တောင်ဖမ်းပြီးကြော်ကျွေးဖူးသေးတာ "
YOU ARE READING
လွန်
General Fiction" ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ "