အပိုင်း (၁၀)

2.4K 120 2
                                    

ပုံမှန်နေ့ရက်များအတိုင်း အေးချမ်းတဲ့မနက်ခင်း
လေးကို နေ့အလင်း ချက်ပြုတ်ရင်းဖြတ်လျက်ရှိသည်

အပေါ်ထပ်ကနေဆင်းလာတဲ့ ချန်းမြတ်ကတော့
အနုပညာမြောက်စွာချက်ပြုတ်ပြင်ဆင်နေတဲ့
နေ့အလင်းကို ရပ်ကြည့်နေမိသည် အိမ်မှာချက်
ပြုတ်ရေးကိစ္စတွေကို နေ့တာဝန်ယူမယ်ဆိုတုန်းက
ချန်းမြတ်တော်တော်လေးဆန့်ကျင်ခဲ့သေးသည်
ဒါပေမဲ့လည်း အိမ်အကူတစ်ယောက်ချက်တဲ့
ဟင်းစားမိပြီး အစာဆိပ်သင့်ကာဆေးခန်းရောက်
သွားတဲ့နောက်ပိုင်း တားဆီးမရစွာနဲ့ နေ့သဘော
တိုင်း ချက်ပြုတ်ခွင့်ပေးလိုက်ရတော့သည်

ဒါပေမဲ့လည်း ယောကျာ်းလေးတစ်ယောက်
မီးဖိုခန်းမှာရှိနေတာ ကြည့်ရတာမဆိုးလှတဲ့အပြင်
တော်တော်လေးကြည့်ကောင်းနေတာပင်

" နိုးရင်စားလို့ရပြီ နို့စိမ်းခေါက်ဆွဲချက်ထားတယ် "

" စိတ်ကြည်နေပုံပဲ "

" မနက်တိုင်းဒီလိုပါပဲ "

" မဟုတ်ဘူး မင်းငါ့ဆိုစိတ်ဆိုးတဲ့ရက်တွေဆို
မနက်စာက ဆန်ပြုတ်ကျဲကျဲပဲတိုက်တာ ငါမသိဘူးထင်နေလား "

" မဟုတ်ပါဘူး ကိုကိုရယ် ညဘက်စားတာများပြီး
ရင်ပြည့်မှာစိုးလို့ပါ "

" ဟင်းး  စားကောင်းနေပြန်ပြီ မင်းချက်သမျှ
အကုန်ကောင်းတယ် "

" ကိုကို ကျနော်လေ ဒီhonestဘွဲ့ယူပြီးရင်
MScဆက်မတက်ဘဲ စားဖိုမှူးပြောင်းလုပ်ရင်
ကောင်းမလား "

"  လူတကာစားဖို့ မင်းကိုချက်ခိုင်းမယ်ထင်နေလား
လုပ်ရဲရင်လုပ်ကြည့်လိုက် "

" သိပါပြီ ဒါပေမဲ့တစ်သက်လုံး ကိုကိုတစ်ယောက်ထဲအတွက်တော့ ချက်မပေးနိုင်ဘူးလေ "

" ဘာ "

" အားးးးး မဟုတ်ဘူး မဟုတ်ဘူး ဆုံးအောင်နားထောင်မှပေါ့  ကျနော်လည်းစားမယ်လို့ပြောတာ နှစ်ယောက်စာပဲလေနော် နော် "

ငယ်ငယ်ကမထင်ရင်မထင်သလို နားရွက်လိမ်ဆွဲပြီး
ခေါင်းကိုခေါက်တတ်ပေမဲ့ နေ့အလင်း အရပ်က 6ပေပြည့်သွားပြီးတဲ့နောက်ပိုင်းတော့ လက်မောင်း
တွေသာလှမ်းကိုက်နေတော့သည်

လွန်Where stories live. Discover now