အပိုင်း ( ၄ )

2.8K 154 4
                                    

ကလေးပိစိလေးတွေလည်း တဖြည်းဖြည်းအရွယ်ရောက်လာပြီ ကိုကိုချန်းလေးလည်း 15နှစ်အရွယ်ရောက်လို့ ဆယ်တန်း တက်ဖို့ ကြိုတင်ပြင်ဆင်နေရပြီ အစကတစ်ပတ်လောက်သာ နေဖို့ဆုံးရည်ရွယ်ထားတဲ့ မြို့သစ်လေးမှာ အဖွားဖြစ်သူနဲ့ပဲ အခြေတကျနေထိုင်ဖြစ်သွားခဲ့သည်

မိဘတွေကတော့ သူတို့စီစဉ်ပေးသမျှ ရွေးချယ်ပေးသမျှပညာရေးအစီစဉ်များကို ချန်းမြတ်ငြင်းပယ်တာ အရွဲ့တိုက်သည်ဟုပဲယူဆခဲ့ပြီး နာမည်မကြီး လူမသိသူမသိ အဆင်မပြေလှတဲ့ရပ်ကွက်လေးကိုမှရွေးချယ် ဆန့်ကျင်ပြတဲ့ သားဖြစ်သူကြောင့် လွန်စွာဒေါသထွက်ရသည် ချန်းမြတ်မေမေ ဒေါ်မြတ်သခင်သည်ပိုဆိုးရွားစွာ သောကဝေရပြီး သားဖြစ်သူပညာရေးကိစ္စကြောင့် မိခင်ဖြစ်သူကျောင်းအုပ်ဆရာမကြီးကိုတောင် မခေါ်ပြောနိုင်တော့

အမေကသားရှေ့ရေးကိုဖျက်ဆီးနေတာ အမေ့မြေးက အမေ့လိုလောဘမရှိ တစ်ယောက်တည်း လူမသိသူမသိနေသွားရမဲ့ကလေးမျိုးမဟုတ်ဘူး

ဆိုပြီး အကြိမ်ထောင်သောင်းမက ဆရာမကြီးခမျာအပြစ်တင်ခံရရှာသည်

ပညာရေးဘက်သိပ်မကျွမ်းသူ စီးပွားရေးလုပ်ငန်းရှင်ဖခင်ကတော့ ကျောင်းကိစ္စဝင်မပါပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ငွေကြေးပိုင်းကိစ္စနဲ့ပတ်သက်ပြီး သိသင့်တယ်ထင်တဲ့အရာတိုင်းကို သင်တန်းဆရာ ဒါမှမဟုတ် သူ့လုပ်ငန်းကကျွမ်းကျင်ပညာရှင်များမပြတ်လွှတ်ပြီး သားဖြစ်သူကိုလေ့လာစေသည်

ဘယ်လိုပဲဖြစ်ဖြစ်  ထက်မြတ်လွန်းတဲ့ တစ်ဦးတည်းသောသားဖြစ်သူကိုလက်မလွှတ်နိုင်ရှာ
သေး ချန်းမြတ်ဘက်ကလည်း အဖွားဖြစ်သူနှင့်နေခွင့်ရသည့်အတွက် အတန်းပညာရေးကိစ္စအပြင် အခြားသင်တန်းသုံးလေးမျိုး ပြိုင်တက်ရလည်း ငြီးညူပြမည်မဟုတ်

" ချန်းလေး ၁နာရီထိုးပြီ အိပ်ရမယ်လေ "

" မနက်ဖြန်အတွက် အိမ်စာမပြီးသေးလို့ သင်တန်းဆရာလာရင် စိတ်ဆိုးလိမ့်မည် "

" သားမလုပ်ချင်ရင် ... "

" လုပ်ချင်တယ် သားအကုန်လုပ်နိုင်တယ် "

" သားဒီလောက်ရည်မှန်းချက်ကြီးတာ သားမေမေစီစဉ်ပေးတဲ့ ကျောင်းတက်ပြီး နိုင်ငံခြားသွားရင် သားလိုဥာဏ်ကြီးရှင်တွေနဲ့တွေ့ အလုပ်လုပ်ရင် ပိုမကောင်းဘူးလား "

လွန်Where stories live. Discover now