Part 4

61 10 0
                                    

#Unicode#

ကျွန်မ စောင့်နေတာ တော်တော် ကြာနေပြီ။ ကျွန်မ ချစ်ရတဲ့ ယောကျာ်းဖြစ်သူ သက်ရှိုင်းကို ရောက်မလာသေးဘူးလေ။ ကျွန်မ ညနေ နေမမြင့်ခင်ကတည်းက လာပြီး ထိုင်စောင့်နေတာလေ။ အခုတောင် ညမိုးချုပ်နေပြီ။ ကျွန်မ ယောကျာ်းက ရောက်မလာသေးဘူးလေ။ လမ်းမှာ တစ်ခုခုများ ဖြစ်နေသလား။ ဒါမှ မဟုတ် ဒီကို မလာဘဲ သူ့မိဘတွေ အိမ်များ ပြန်သွားတာလား။ သူ့မိဘ အိမ်ဆို ကျွန်မက အိမ်ထဲ လိုက်၀င်လို့ ဘယ်ရမလဲ။ အိမ်ထဲမှာ နတ်စင် ရှိနေတာလေ။

ကျွန်မ သူ့မိဘ အိမ်ရှေ့ကို သွားကြည့်ကြည့်ရင် ကောင်းမလား။ သူ‌ ရောက်နေတာ ဟုတ်၊ မဟုတ် သေချာအောင်ပေါ့။ အကယ်လို့ ဒီကို လာခဲ့ရင်ကော ဘယ်လိုလုပ်မလဲ။ ကျွန်မ စောင့်ဘဲ စောင့်လိုက်ရမလား။ ဒါမှမဟုတ် အခြေအနေကို သွားကြည့်ကြည့်ရမလား မစဉ်းစားတတ်တော့ဘူး။ ညဘက်ဆိုရင် ဝိညာဉ်‌တွေက ပေါကလည်းပေါနဲ့လေ။ ဝိညာဉ်ကလည်း ပေါသလို ဝိညာဉ်ဖမ်းတဲ့သူကလည်း ရှိသေးတယ်။

အော်...... ကျွန်မ မပြောပြရသေးဘူး ထင်တယ်။ ဒီအကြောင်းကို ကျွန်မလည်း တစ်လောကမှ သိရတာ။ တစ်လောက ဆိုတာ ရှေ့ သုံးလေးငါးလ လောက်ကပေါ့။ ကျွန်မက ဝိညာဉ်ကိုမှ လေလွင့်နေတာ တစ်နှစ်နီးပါးလောက်ရှိနေပြီ ဘာလို့ ဒီအကြောင်းကို မသိရတာလဲ မေးချင်စရာမလား။ အမှန်တော့ ကျွန်မကလည်း အဲ့တာတွေ မသိဘဲ နေနေလာခဲ့တာလေ။ အခုလည်း ဒါကို တစ်ခြား ဝိညာဉ်နဲ့ စကားစမြည် ပြောကြရင်း သိခဲ့ရတာ။ ဒါတွေ ခဏ ထားပါ။ ဝိညာဉ်ဖမ်းတဲ့သူ အကြောင်း ဆက်ကြတာပေါ့။

ဝိညာဉ်ဖမ်းတဲ့သူတွေက တစ်ကယ် ရှိကြတယ်။ ဒါပေမယ့် အမြဲတမ်း ရှိ‌မနေဘူး။ ကျွန်မပြောတာ ရှုပ်သွားပြီလား။ ရှုပ်မသွားနဲ့အုန်း သေချာ ပြန်ရှင်းပြမယ်။ ဝိညာဉ်ဖမ်းတဲ့သူတွေက အောက်လမ်း စုန်းအတတ် တတ်ကြတဲ့ သူတွေ ဖြစ်ကြတယ်။ ဒါပေမယ့် သူတို့က တစ်ခါတစ်လေမှ ဝိညာဉ် ဖမ်းကြတာ။ ပြောရရင် သူတို့ အစီအရင်တွေ လုပ်စရာရှိမှသာ ဝိညာဉ်ဖမ်းကြတာပေါ့။ အဲ့တော့ သူတို့တွေက ကောင်းတဲ့သူတွေတော့ မဟုတ်ဘူးပေါ့။ ကျွန်မကတော့ ဝိညာဉ်ဖမ်းတဲ့သူနဲ့ မတွေ့ဖူးဘူးပေါ့။ ဒါပေမယ့်လည်း တွေ့ဖူးတဲ့ သူတွေလည်း ရှိကြတယ်တဲ့လေ။ အရင်တုန်းကတောင် တစ်ရက်ထဲနဲ့ ဝိညာဉ် ဆယ်ကောင်တောင် ပျောက်ကုန်တယ်လို့ ပြောကြတယ်။

SOULMATE[Complete]Where stories live. Discover now