Part 8

47 11 0
                                    

#Unicode#

"ဟုတ်တယ်..... ဝိညာဉ်...... သီဟ ဝိညာဉ် တစ်ကောင်ကို ကူညီပေးနေတယ်......"

"ဝိညာဉ် ဟုတ်လား" ဆိုကာ မြင့်မြတ်သူနှင့် အောင်နိုင်သူတို့ နှစ်ယောက် ပြိုင်တူအော်လိုက်ကြတော့သည်။

"ဟုတ်တယ်...... ဟိုတ‌‌လောက အကိုမြင့်မြတ်ဆိုင်က ပြန်လာပြီး ဝိညာဉ်တွေကို ကူညီပေးမယ်ဆိုပြီး ပြောနေတော့တာ"

"ဟုတ်လား.....ဒါဖြင့်ရင် ဝိညာဉ်များ ၀င်ပူးသွားခဲ့တာများလား" ဆိုပြီး မြင့်မြတ် တစ်ယောက် ပြောလိုက်တော့
မြတ်မင်းကိုနှင့် အောင်နိုင်သူတို့မှာ မြင့်မြတ်ကို ကြည့်လာကြတော့သည်။

ထိုအချိန် ခဏလေးမှာဘဲ ဆိုင်ခန်း တစ်ခန်းလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ခဏလောက်ကြာတော့မှ မြတ်မင်းကိုမှ ပြောလာလေသည်။

"မဖြစ်နိုင်ပါဘူး အကိုကလည်း"

"ဟုတ်တယ် .... မြင့်မြတ်ကလည်း ဘာတွေ ပြောနေတာလဲ" ဟု အောင်နိုင်သူပါ မြတ်မင်းကိုရဲ့ စကားကို ထောက်ခံပြီး ပြောလာလေသည်။

"မဟုတ်ဘူး..... ဖြစ်နိုင်တယ် ....... ဝိညာဉ်ကို ကူပေးနေတာဆိုတော့ အဲ့ဝိညာဉ် ၀င်ပူးသွားတာလည်း ဖြစ်နိုင်တာဘဲ" ‌ဆိုပြီး မြင့်မြတ်က အခိုင်အမာ ပြောလာလေတော့သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ အကိုကလည်း......" ဟု
မြတ်မင်းကိုမှာ မဖြစ်နိုင်ဘူးဆိုတာဘဲ ပြောနေလေသည်။

"ဖြစ်နိုင်တယ်..... ဖြစ်နိုင်တယ်..... ခဏလေး" ဆိုပြီး မြင့်မြတ်သူ ပြောပြီး ဆိုင်ပြင်ကို ထွက်သွားလေတော့သည်။

မြင့်မြတ်သူမှာ ဆိုင်အပြင်ရောက်ပြီးတော့ ချက်ချင်းဘဲ accidentဖြစ်တဲ့ နေရာနားလေးကို အပြေးလေး သွားလိုက်လေသည်။ ပြီးနောက် တစ်ခုခုကို ရှာနေလေတော့၏။ မြင့်မြတ်သူကို စိတ်မချ၍ အောင်နိုင်သူ တစ်ယောက် ရောက်လာတော့သည်။

"ဘာရှာနေတာလဲ ချစ်" ဆိုပြီး အောင်နိုင်သူက မေးလိုက်လေသည်။

"ဆွဲကြိုး..... ဘုရားဆွဲကြိုး...... သီဟ ၀တ်နေကျ ဖြစ်တဲ့ ဘုရားဆွဲကြိုးလေးလေ" ဟု မြင့်မြတ်က ပြန်ဖြေလိုက်သည်။

SOULMATE[Complete]Where stories live. Discover now