Part 17

46 9 3
                                    

#Unicode#

သက်ရှိုင်းကို မြတ်မင်းကိုအား တွဲလိုက်ပြီး သီဟကို လှမ်းကြည့်လိုက်လေသည်။

"ဘာရှာနေတာလဲ ကောင်လေး.....ပစ္စည်း တစ်ခုခု ကျ‌သွားလို့လား" ဟု သက်ရှိုင်းကိုမှ မေးလိုက်လေသည်။

"မဟုတ်ဘူး အကို..... အမနှင်းကို ရှာနေတာ" ဆိုပြီး သီဟ ပြန်ဖြေလိုက်သည်။

"နှင်းကို.....ဟုတ်လား......" ဆိုကာ သက်ရှိုင်းကို အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟုတ်တယ်လေ.....အမနှင်းက သီဟ အဖော်ရအောင်ဆိုပြီး လိုက်လာပေးတာ.... ခဏကတောင် ရှိနေသေးတာ"

"ဒါဖြင့်ရင် နှင်းက ကားထဲမှာ ရှိနေခဲ့တာ မဟုတ်ဘူးပေါ့"

"မဟုတ်ပါဘူး...... ဘာလို့လဲ အကို" ဟု သီဟ သက်ရှိုင်းကိုအား မလိုက်လေသည်။

"သွားပြီ" ဟု သက်ရှိုင်းကို တစ်ယောက် ကိုယ်ကြားရုံလောက်လေးသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ပြီးနောက် သက်ရှိုင်းကိုမှာ သီဟကို ဘာမှ ပြန်မဖြေဘဲ ကြောင်တောင်တောင်လေး ရပ်နေလေသည်။ သီဟက နောက်ထပ်

"အကို......" ဟု ထပ်ခေါ်လိုက်တော့မှ သက်ရှိုင်းကို သတိပြန်လည်လာလေတော့၏။

"ဟင်.....ပြောလေ ကောင်လေး"

"အမနှင်းက လိုက်သွားတာ ထင်တယ်" ဆိုပြီး သီဟ ပြောလိုက်သည်။

"လိုက်သွားတာ..... နှင်းက ဘယ်ကို လိုက်သွားတာလဲ" ဆိုကာ
သက်ရှိုင်းကို တစ်ယောက် နားမလည်သလိုဖြင့် မေးလိုက်သည်။

"ဟို မူးယစ်ဂိုဏ်းချုပ်ဆိုတဲ့ သူနောက် လိုက်သွားတာ နေမှာပေါ့.... အကိုရဲ့....."

"ဘာလို့ လိုက်သွားရတာလဲ......" ဆိုပြီး သက်ရှိုင်းကိုမှာ သီဟကို ထပ်မေးလေတော့သည်။

သီဟမှာ သက်ရှိုင်းကို အမေးကို ပြန်မဖြေသေးဘဲ မြတ်မင်းကိုအား တစ်ချက် ကြည့်လိုက်သည်။ မြတ်မင်းကိုမှာ ဆေးရုံ သွားဖို့ လို‌နေလေသည်။ ခေါင်းရိုက်ခံထားရတော့ ခေါင်းပေါက်သွားတာ ဖြစ်သည်။ ဒါကြောင့် သွေးတွေက ခေါင်းပေါ်မှာ ဗရပျစ် ရှိနေတာ ဖြစ်လေသည်။ ဒါနဲ့ သီဟမှာ သက်ရှိုင်းကို၏ အမေးကို မဖြေသေးဘဲ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

SOULMATE[Complete]Where stories live. Discover now