Part 6

49 10 0
                                    

#Unicode#

နှင်းမှာ သီဟ ကြည့်နေတဲ့ မိမိ သတင်းကို ပြန်ဖတ်ချင်တာကြောင့် သီဟနားသို့ သွားလိုက်လေသည်။ ထိုအချိန်မှာဘဲ ဆိုင်ထဲကို လူတစ်ယောက် ၀င်လာတာကို နှင်း သတိထားမိလိုက်သည်။ နှင်း တစ်ယောက် သီဟကို ပြောမလို့ လုပ်နေတုန်း သီဟမှာ ထိုင်ရာက ထသွားပြီး ထိုလူအနား သွားနေတော့သည်။ နှင်းမှာ သီဟရဲ့ လုပ်ရပ်ကို ကြောင်တောင်တောင်လေးဖြင့် ရပ်ကြည့်နေတော့၏။

နှင်း တစ်ယောက် သီဟနှင့် သူမသိသေးသည့် မြတ်မင်းကိုတို့စကားပြောနေကြတာကို နားထောင်နေလေသည်။ သီဟက ပြုံးပြုံးဖြင့် ပြန်ပြောနေတာကြောင့် နှင်းမှာ သီဟနှင့် သိသည့် သူဟု မှတ်ယူလိုက်ကာ ဖုန်းထဲက သတင်းကို ဆက်ဖတ်နေလိုက်သည်။ သတင်းထဲမှာ ရေးထားတဲ့ မိမိအကြောင်းကို ဖတ်နေရင်းမှာဘဲ နှင်း  တစ်ယောက် ရင်းနှီးတဲ့ အသံ တစ်သံကို ကြားလိုက်ရလေသည်။ ဒါနဲ့ နှင်း အသံလာရာကို ရှာကြည့်လိုက်တော့သည်။ နှင်း ရင်းရင်းနှီးနှီး ကြားဖူးပါတယ်ဆိုတဲ့ ထိုအသံက သီဟနှင့် စကား ပြောနေသည့် မြတ်မင်းကိုဆီမှ ဖြစ်ချေသည်။

နှင်း တစ်ယောက် ရုတ်တရက်ကြီး ခေါင်းထိုးကိုက်လာတော့သည်။ ဒါကြောင့်ဘဲ ခေါင်းကိုက်တာ သက်သာအောင် နှိပ်နယ်နေလေသည်။ ‌တော်တော်ကြာကြာလေး နှိပ်နယ်နေပေမယ့်လည်း ခေါင်းကိုက်တာက မပျောက်သေးပါ။ ပိုပြီးတော့တောင်  ထိုးကိုက်လာလေသည်။ ဒါကြောင့်ဘဲ နှင်းမှာ မခံစားနိုင်တော့တာကြောင့် ရပ်နေရာက ထိုင်ချလိုက်လေသည်။

မြတ်မင်းကိုနှင့် စကားပြောနေသည့် သီဟမှာ နှင်းကို ခဏ လှည့်ကြည့်လိုက်လေသည်။ နှင်း တစ်ခုခု ဖြစ်နေတာကို မြင်တော့ သီဟ တစ်ယောက် နှင်းနားသို့ ပြေးသွားလေတော့သည်။ သီဟ၏ ရုတ်တရက် ပြုမူလိုက်တဲ့ အပြုအမူကြောင့် မြတ်မင်းကိုမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

သီဟမှာ နှင်းနားကို အပြေးအလွှား သွားလိုက်သည်။ နှင်းမှာတော့ ခေါင်းကိုက်တာကြောင့် ဆိုးဆိုးဝါးဝါး ခံစားနေရလေသည်။ သီဟ တစ်ယောက် ဝိညာဉ် ဖြစ်သည့် နှင်းကို စိတ်ပူလာတာကြောင့် တစ်ခုခု မေးလိုက်လေသည်။

SOULMATE[Complete]Where stories live. Discover now