Part 1

173 13 3
                                    

#Unicode#

အခုရာသီဟာ ဆောင်းရာသီရဲ့ တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီဇင်ဘာလ ဖြစ်တာကြောင့် လားရှိုးမြို့လေးရဲ့ ညနေခင်း အချိန်မှာ မြူမှုန်လေးများဖြင့် အုံ့အုံ့ဆိုင်းဆိုင်း ရှိနေတော့သည်။ ဆောင်းရာသီမလို့နေမှာ ညနေခင်းဘက်ဆို လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်း လုပ်တဲ့ သူများနှင့် ပြည့်နေတတ်၏။ အခုလည်း လားရှိူးမြို့‌လေး၏ တစ်ခုထဲသော ပန်းခြံလေးထဲတွင် လူအများအပြား ရောက်နေကြ‌‌ လေသည်။ အကြောင်းမှာကား လေ့ကျင့်ခန်း လုပ်တဲ့ အဖွဲ့တွေ လူစုနေလို့ပင် ဖြစ်ချေသည်။

ပန်းခြံဆိုသည့် အတိုင်း လူအမျိုးမျိုး အစားစား လာကြ လေသည်။ ကလေးငယ်က အစ သက်လတ်ပိုင်းအရွယ်တို့၊ အဖိုးအဖွားအရွယ်တို့ အထိ ရှိကြသည်။ သို့ပေမယ့် ညနေပိုင်းအချိန်မှာတော့ လူငယ်အရွယ်နဲ့ လူလတ်ပိုင်း အရွယ်တွေက ပိုပြီး များများစားစား ရှိတတ်ကြသည်။ တစ်ချို့ကြတော့လည်း မိသားစုလိုက်လာပြီး ပန်းခြံထဲက ကစားကွင်းလေးမှာ လာကစားကြတာပေါ့။ လူငယ်အရွယ်လေးတွေမှာလည်း သမီးရည်းစားကိုယ်စီဖြင့် ပန်းခြံရဲ့ ထောင့်နေရာအစုံမှာ ရှိနေတတ်တော့သည်။

ထိုလူအများကြားထဲမှ ဓာတ်တိုင်အောက်က ထိုင်ခုံလေး တစ်ခုံတွင် ကောင်လေး တစ်ယောက် တစ်ယောက်ထဲ ထိုင်နေတော့သည်။ ပုံစံကား တစ်ခြားသူတွေနှင့် မတူ။ ထူးဆန်းနေလေ၏။ တစ်ခြားနေရာတွေကား အသံတွေ ပလုံစီအောင်ဖြင့် ပျော်ရွင်သံတွေ ထွက်နေပေမယ့်လည်း ထိုကောင်လေးရှိနေတဲ့ နေရာကား တိတ်ဆိတ်လျက် ရှိနေတော့သည်။ အသံတစ်ချို့ကိုသာ တိုးပြပြကြားရ‌ လေ၏။ ထိုနေရာလေးဟာ ထို‌ ကောင်လေးအတွက် မူပိုင်ခွင့်ရ ခုံဖြင့်တူနေတော့သည်။

အကြောင်းကား ညနေတိုင်း ထိုနေရာမှာ လာလာပြီး ထိုင်တတ်လို့ပင် ဖြစ်သည်။ ထိုသူ ထိုင်ပြီးရင်လည်း တစ်ခြား ဘယ်သူမှ လာမထိုင်ကြ။ ဘာကြောင့် ဒီလိုမျိုး ဖြစ်နေရတယ်ဆိုတာ အကြောင်းအရင်းကား ခိုင်ခိုင်လုံလုံမရှိပေ။ ထိုနေရာလေးတွင် ထိုင်နေတဲ့ ကောင်လေးမှာ တစ်ခြားသူမဟုတ်ပါ။ သီ‌ဟကျော်ပင် ဖြစ်လေသည်။

ဟုတ်ပါတယ်လေ။ ကျွန်တော် သီဟကျော်ပါ။ ကျွန်တော့် ပုံစံက ထူးဆန်းနေတယ်လို့ ပြောခဲ့တယ်မလား။ အဲ့လို ထူးဆန်းတဲ့ ပုံစံဖြစ်အောင် ကံကြမ္မာက ဖန်တီးပေးခဲ့တာလို့ဘဲ ပြောရမှာ မဟုတ်ဘူးလား။ နေခင်းပါမက ညအထိပါ နေကာ မျက်မှန်ကို တပ်ထားရအောင် လုပ်ပေးခဲ့လို့လေ။ တစ်ခြားသူတွေလို အနာဂတ်မြင်ရတာတို့၊ အကြားအမြင်ရတာတို့လိုမျိုး မဟုတ်ဘဲ ကျွန်တော်က ဝိညဉ်တွေကို မြင်နေရတာလေ။

SOULMATE[Complete]Where stories live. Discover now