Special Part

92 10 4
                                    

#Unicode#

မူးယစ်ဂိုဏ်းချုပ် ဝေယံလင်းထွန်း အချစ်မှာ ကျဆုံးခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••

ဝေယံလင်းထွန်း ဆိုသည့် ကောင်ငယ်လေး တစ်ယောက် ‌နိုင်ငံခြားမှာ ကျောင်းသွားမတက်ချင်ဘူးဟု ဆိုတော့ ဖခင် ဖြစ်သူက သူ့ကို စီးပွားရေးလုပ်ဖို့ အခွင့်အရေး ပေးခဲ့လေသည်။ စီးပွားရေးကတော့ တစ်ခြား မဟုတ်ပေ။ မူးယစ်ဆေးဝါး ရောင်း၀ယ် ဖြန့်ဖြူးတဲ့ လုပ်ငန်းဘဲ ဖြစ်သည်။

လားရှိုးမြို့အတွက် မူးယစ်ဆေး ဖြန့်ဖြူးဖို့ လိုနေတဲ့ အတွက်
ဝေယံလင်းထွန်းကို လားရှိုးမှာနေပြီး မူးယစ်ဆေးတွေကို ဖြန့်ဖြူးဖို့ တာ၀န်ပေးခဲ့လေသည်။

ဒါကြောင့်ဘဲ ဝေယံလင်းထွန်းမှာ နိုင်ငံခြားသွားဖို့ လုပ်နေရာကနေ ချက်ချင်းဘဲ ရန်ကုန်က လေဆိပ်ဖြင့် လားရှိုးကို တန်းထွက်လာခဲ့လိုက်လေသည်။

ဝေယံလင်းထွန်းသည် ခပ်ဆိုးဆိုး ကောင်လေးဖြစ်သည်။ ဘယ်သူ့စကားကိုမှ မနာခံတတ်။ ဖခင် စကားကိုသာ နာခံလေသည်။ ဘာကြောင့်ဆို ဖခင်ဖြစ်သူရဲ့ သွေးဆိုးတဲ့ အကြောင်းတွေကို
ဝေယံလင်းထွန်း ကောင်းကောင်းသိခဲ့လို့ဘဲလေ။ ဖခင်ဖြစ်သူရဲ့ သွေး‌တွေက ဝေယံလင်းထွန်းကိုယ်ထဲ စီးဆင်းနေတာကြောင့် တစ်ခါတစ်ခါ ‌သူလည်း သွေးဆိုးတတ်လေသည်။ နောက်ပြီး ဝေယံလင်းထွန်းက bisexualတစ်ယောက် ဖြစ်သည်။

လေယှဉ်လေးဟာ လားရှိုးသို့ ဆိုက်ရောက်လေပြီ။ ဝေယံလင်းထွန်းမှာ လေယှဉ်ပေါ်က ဆင်းတဲ့ လှေကားနားမှာ ရပ်လိုက်ပြီး လက်ကိုဆန့်တန်းကာ လေကို တစ်၀ကြီး ရှူလိုက်သည်။

"လားရှိုးရေ မင်းကို ဖျက်ဆီးဖို့ ငါရောက်လာပြီဟေ့"

ဝေယံလင်းထွန်းမှာ လေယှဉ်ဆင်းတဲ့ လှေကာနားလေးမှာ ရပ်ပြီး ပြော‌နေတာကြောင့် နောက်က ခရီးသည်များက သူ့ကို မကျေမ‌နပ်ဖြင့် ကြည့်နေကြလေသည်။ ဝေယံလင်းထွန်း တစ်ယောက် ကောင်ကင်းကို ကြည့်ပြီး အောက်ကို ကြည့်လိုက်တော့ သူ့ကို လာကြိုဟန်တူသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ဒါနဲ့ မျက်မှောင်ကြုတ်သွားရလေသည်။

SOULMATE[Complete]Onde histórias criam vida. Descubra agora