ကျေးဇူးတင်လွှာ

58 9 2
                                    

#Unicode#

အခုဆိုရင် ဒီရဲ့ "SOULMATE" ဆိုတဲ့ ficလက အပြီးသတ်သွားပါပြီ။ ဒီficကို အစက ရေးဖို့ စဉ်းစားထားက အခုလို actionပုံစံနဲ့ မဟုတ်ဘဲ dramaအနေနဲ့ စဉ်းစားခဲ့တာ။ ပြီးမှ drama အနေနဲ့ဆိုရင် ဒီficက ပေါ့ပျက်ပျက်ကြီး ဖြစ်သွားမှာကို တွေးမိလို့ဘဲလေ။ Ifမှာ actionတွေနဲ့ ရေးလာပြီးမှ Ifရဲ့ အဆက်ကြမှ drama ဖြစ်သွားမှာဆိုတော့ ဖတ်ရတာက ဆားမပါတဲ့ ဟင်းခွက်လို ဖြစ်သွားမှာဘဲလေ။ ဒါကြောင့် ဇာတ်ကြောင်းကို ပြန်ပြင်လိုက်တာပါ။ ကိုယ်ပြင်လိုက်တဲ့ ဇာတ်ကြောင်းကိုလည်း သဘောကျပါတယ်။

ပြီးတော့ ဒီficလေးကို စရေးတုန်းက moodက မ၀င်ဘူး ဖြစ်‌‌နေတာ။ အဲ့တာကြောင့် ဖျက်ပစ်ဖို့ အကြိမ်ကြိမ် စဉ်းစား ခဲ့တယ်။ ဒါပေမယ်ဘ မဖျက်ဖြစ်ခဲ့ဘူး။ ကိုယ်က Ifရဲ့ extraမှာ သီဟ ဖြစ်ပျက်သွားကို တို့လို့တန်းလန်းကြီး ထားထားခဲ့မိတာလေ။ အဲ့မှာ စာဖတ်သူက ifကို ဖတ်ပြီး တန်းလန်းကြီးတဲ့လေ။ အဲ့တာနဲ့ ဒီဟာကို အပြီးထိ ရေးခဲ့လိုက်တာ။

နောက်ပြီးတော့ ဒီရဲ့Soulmateကို ifမပြီးခင်လေးမှာ စိတ်ကူးရပြီး မွေးထုတ်လိုက်တာ။ အဲ့ဒါနဲ့ဘဲ moodမလာလဲ ဆက်ရေးမယ် ဖြစ်သွားတာ။ moodက ဘယ်လာမလဲ ကြားထဲမှာ ခေါင်းထဲ အသစ်ပေါ်လာလိုက် ချရေးလိုက်နဲ့လေ ဟဲ......ဟဲ.....။ အခုမှ ‌ဒီဟာလေးကို အပြီးသတ်မယ်ကွာဆိုပြီး moodအပြည့်နဲ့ ရေးခဲ့တာ။ အစကတော့ ifရဲ့ extraလို ဆယ်ပိုင်းနဲ့ အပြီးသတ်မယ်ပေါ့။ ဒါပေမယ့်လည်း ရေးရင်းရေးရင်းနဲ့ ဇာတ်လမ်းကရှည်လာတော့ အပိုင်းနှစ်ဆယ်ကျော်သွားရော။ ထားပါတော့ ရေးပြီးသွားတော့ ၀န်ပေါ့သွားတာပေါ့။

နောက်ပြီးတော့ ဒီsoulmateကို တစ်ပိုင်းတင်တိုင်း ဖတ်ပေးပြီး voteပေးခဲ့တဲ့ readerတစ်ယောက်ကိုလည်း အထူးကျေးဇူးပါဘဲလို့။ silent readerများကိုလည်း ကျေးဇူးတင်ပါတယ်။ တိုးတိုးလေး ကြိတ်ပြီး ဖတ်နေတဲ့ ကြိတ်တိုးလေး readerကိုလည်း ကျေးဇူး အထူးပါလို့။
ကုန်ကုန်ပြောရရင် အရေးအသားမကောင်းလှတဲ့ ဒီက ကျွန်တော့်ရဲ့ ficလေးကို ဖတ်ပေးလို့ ကျေးဇူးတင်ရှိလှပါတယ်။ ကျွန်တော် blဘက်မလှည့်ဘဲ ခဏလောက်တော့ ပျောက်လိုက်ပါအုန်းမယ်။ Readerတွေ အားလုံးက ကျွန်တော်ရဲ့ ကျေးဇူးရှင်တွေပါဘဲ။

SOULMATE[Complete]Where stories live. Discover now