Ep-3

3.2K 384 6
                                    

နာရီသံတစ်​ချက်​ချက်​ ​​ကျေးငှက်​​တေးဆိုသံဖြင့်​ အာရုဏ်​ဦး အလင်း​ပေါက်​လာခဲ့​ပေမယ့်​လဲ အခုထိမအိပ်​နိုင်​​သေးသည်​ကသူ ခါတိုင်းအလုပ်​ဆင်း
ချိန်​အကိုလာကြိုပြီးသည်နှင့်​စိ​တ်​​ပြေလက်​​ပျောက်
လမ်း​လျှောက်​ ​လေ့ရှိ​သော ဟန်​မြစ်​ကမ်းကိုလွမ်း
မိသည်​ ည​နေဘက်​လာကြိုမည်​​ပြောပြီး အကိုအလုပ်
မအားလို့မကြိုနိုင်ေ​ကြာင်း ဖုန်းဆက်​​ပြော​လေ​တော့
မ​နေနိုင်​မထိုင်​နိုင်​ဖြစ်​ရသည်​ကဂျီမင်းသာ အကိုလာ
မကြိုသည်​​ကြောင့်​ဝမ်းနည်းမိသည်​ကတစ်​​ကြောင်း
မိမိအား အကို့ချစ်​သူမှန်းသိရက်​ချစ်​စကားအား
အချိန်​ဆွဲခြင်းအလျှင်းမရှိဘဲ ​ပြောလာသည့်​ထိုသူ
ဟာလည်း ယခုလိုအိပ်​မရခြင်း၏ဒုတိယတရား
ခံပင်

*ဟယ်​လို

အိပ်​မရခြင်း၏အ​ကြောင်းအားပြန်​တွေးရင်းအတင်း
အိပ်​ရန်​ကြိုးပမ်း​နေစဉ်​ စား​ပွဲ​ပေါ်တွင်​တင်​ထား​သော
ဖုန်း​လေးထံမှ အသံမြည်​လာသည်​​ကြောင့်​ အိပ်​ယာ
ပေါ်မှ မထဘဲ အပျင်းတစ်​ကာ ​ခြေ​ထောက်​က​လေးများအား အသုံးပြုကာယူလိုက်​​လေ​တော့ မိမိ
ခြေ​ချောင်း​တွေကြား ​ချော​ချော​မွေ့​မွေ့​ရောက်
လာသည့်​ ဖုန်း​လေး အဝင်​​ကောကျသွားမည်​ဆိုး
သည်​​ကြောင့်​ contentအားမကြည့်​အား​တော့​ပေ

*မနိုး​သေးဘူးလား ဘယ်​အချိန်​ရှိပြီလဲ

ရှားရှားပါးပါး တစ်​ပတ်​တွင်​တစ်​ရက်​သာနားရသည့်
အားလပ်​​ရပ်​မို့ ဂျီမင်းတန်​ဖိုးထားရပါသည်​ လူမူဆက်​ဆံ​ရေး​ကောင်း​အောင်​ သူတစ်​ပါးအား​ရိုင်းရိုင်းစိုင်း
စိုင်းမပြုမူမိ​အောင်​ ငယ်​စဉ်​ကတည်းက သွန်​သင်
ပေးသည့်​ မိခင်​၏စကားကိုဂျီမင်းတစ်​​ယောက်​ယခု
အရွယ်​ထိ ​စောင့်​ထိန်းနိုင်​ခဲ့​သော်​လည်း ဒီလူကြီးနဲ့
ကျမှ အချိန်ပြည့်​ စိတ်​ရူပ်​​နေရသည်

*အကိုကမနိုး​သေးတာမို့ မထ​သေးပါဘူးခင်​ဗျ

တစ်​ဖက်​​လေးလိုင်းကတစ်​ဆင့်​ကြားလိုက်​ရသည့်
ကောင်​​လေးအသံ​ကြောင့်​ ​ဂျောင်​ကုတစ်​​ယောက်
နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးမိလိုက်​သည်​ နဂ်ိုတည်းက
ဒီက​လေး၏​ရောဂါက မိမိအ​သွေးအသာထဲတွင်
အမြစ်​တည်​​နေပြီမို့ သူကိုယ်​တိုင်​လဲ ထိုထက်​သ​ဘော
မကျမိ​အောင်​တာ ထိန်းထားမိသည်​ မဟုတ်​ပါက
ထို​ကောင်​​လေးအား အကို့်​ထံမှမည်​သည့်​နည်းလမ်း
နှင့်​မဆိုလုယူမိ​ပေလိမ့်​မည်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now