Ep-17

1.9K 242 1
                                    

အပူတပြင်းမဟုတ်သော်လည်း
မွေးရပ်မြေနှင့်မတူ
ခြားနားလှသောအပူရှိန်ကြောင့်
နမ်ဂျွန်း ရေဆင်းဆော့ဖို့ မစွမ်းသာ

‌လေတစ်ချက်ဝေ့တိုင်း လူပ်ခါသွား
သည့် အပြာရောင်ဆံနွယ်လေးများ
သည် ထိုလူသားလေးနှင့် ပနံ့သင့်
စွာ လိုက်ဖက်လို့နေပြန်သည်

*လာတော့ တော်ကြာနေမကောင်း
ဖြစ်လိမ့်မယ်

ပါးစပ်ကသာခေါ်နေသော်လည်းတ
ကယ်တမ်း လှမ်းသွားမိသည်ကသူ
အဆင်သင့်ယူလာသောတပတ်က
လေးအား ကိုင်ကာ ကိုယ်ပေါ်၌
လွှမ်းခြုံပေးလိုက်လေတော့
သဘောကျစွာ ပြုံးလာသည့်
ကောင်လေး

*ခင်ဗျားကြီးက လူတိုင်းကိုဒီလို
ပဲဂရုစိုက်တတ်တာလား

ရေစက်ကလေးများ တွဲ‌ခိုနေသည့်
အပြာရောင်ဆံပင်လေးများအား သပ်
တင်ပေးလိုက်လေတော့ ထိုကောင်
လေး၏ဝသီအတိုင်း ရွဲ့တဲ့တဲ့နှင့်ဆို
လာသည်

*မင်းဘယ်လိုထင်လဲ ငါ့အဖြေက
မင်းထင်တဲ့အတိုင်းပဲ

ထပ်ရစ်လာမည့်ကောင်လေးအကြောင်း
သိနေလေတော့ အခုကတည်းက
တစ်ခန်းရပ်ထားမှပင်တော်ရာကျပေ
မည်

*ထင်သားပဲ ခင်ဗျားက ကျွန်တော့်
ကိုဆို ဂရုကိုမစိုက်တာ

သပ်တင်ထားပေးသော ဆံနွယ်များ
အား အရှေ့သို့ပြန်ချကာ စူအောင့်
အောင့်ပြောလာသည့် အပြာရောင်
လူသားလေးသည် ချစ်စရာအတိ

*မင်းကလေသိလား သာလိကာနဲ့အရမ်း
တူတယ် ချစ်ဖို့ကောင်းသလောက်
အရမ်းစကားများလွန်းလို့

ရေဆော့များသွား၍ ခပ်ရဲရဲဖြစ်
နေသော မျက်လုံးများအား ခပ်စူး
စူးကြည့်ကာ ပြောလေတော့
မကြောက်သည့်အပြင် လည်ပင်း
ပေါ်သို့ ယှက်နွယ်လာသည့်လက်
ကလေးတစ်စုံ

*ခင်ဗျားကြီးက‌ရော ဘာနဲ့တူလဲ
သိလား  ကျွန်တော်ဘယ်တော့မှ
အဆုံးသတ်ကိုမသိချင်တဲ့ ပုံပြင်
တစ်ပုဒ်နဲ့တူတာ သိတယ်မလား
ဘယ်အရာမဆို စွဲလမ်းလွန်းရင်
မကောင်းဘူးဆိုတာ

မကြောက်မရွံနားနားကပ်ကာ
ဆို‌လာပြန်သည့် ကောင်လေးသည်
နမ်ဂျွန်း၏ သမာဓိအား အစွမ်းကုန်
ယုံကြည်ထားပုံရ‌၏ အင်းမချစ်ဘူး
ဆိုအုံးတော့ ထိုကဲ့သို့မျက်နိူးဖွယ်အတိ
ကောင်းသည့် လူသား၏ မထိတထိ
ဆွဲဆောင်မူအား နမ်ဂျွန်းရှောင်ဖယ်
နိုင်ရိုးလား

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now