*ဒီ...ဒီ....
နေ့အလင်းပင်ပျောက်လို့ညပင်
ရောက်လေပြီ အဘယ်ကဲ့သို့
လူမူရေးခေါင်းပါးသည့်ဖုန်းသရဲ
ကလက်ကမျဉ်းလိုက်သည်မသိ
စားပွဲပေါ်တွင်နေရာယူထား
သော ဖုန်း၏တုန်ခါမူသည် တစ်ဒီးဒီး
နှင့်ပင် မကိုင်ဖို့ ဆုံးဖြတ်ထား
သော်လည်း အကယ်၍
သူများဖြစ်နေမလားဟူ
သည့် အတွေးရေးရေးကလေး
ကြောင့် လက်ကလေးဟာ
ချိတုံချိတုံနောက်ဆုံး ခေါ်ဆိုမူမပြတ်တောက်
ခင် ဖုန်းအားအလျင်အမြန်ကိုင်
လိုက်လေတော့ ရိူက်သံတစ်ခုအား
ပီပီပြင်ပြင်ကြားလိုက်ရလေရဲ*ခင်ဗျားကြီး ဘာဖြစ်လို့ငိုနေတာလဲ
ပြန်ဖြေသံအစား ပို၍ကျယ်
လောင်လာသည့် ချစ်ရသူ၏
ငိုသံကြောင့် အလျင်အမြန်ကား
သော့အား ဆွဲယူကာ ရိူက်ငိုမပျက်
သည့် အသည်းနှလုံးနုလှသည့်
လူကြမ်းကြီးထံသို့*ကျွန်တော်အခုလာခဲ့မှာမို့
အဲ့မှာပဲနေထား ဘယ်မှမသွား
နဲ့ကိုယ်ကပဲ သိပ်စွဲလမ်းလွန်းနေ
၍လားမသိ ထိုလူကြီး၏ တည်
နေရာအား ထူးဆန်းစွာခံစား
လို့ရနေချေသည် လူတိတ်ချိန်
ပေမို့ လူသွားလူလာများမရှိ
သည့် နေရာတွင်အဘယ်သို့
များ ထိုလူ တစ်ယောက်တည်း
နေရသနည်း အမှတ်မရှိသည့်
အပြင် အကြောက်တရားပါ
မရှိတော့သည်ထင်တည်နေရာသို့ ရောက်လျှင်
ရောက်ချင်း ကားပေါ်မှအမြန်
ပြေးဆင်းကာ ပတ်ဝန်းကျင်
တစ်ခွင်ကား ဝေ့ဝဲကြည့်လိုက်
လေတော့ သစ်ပင် အောက်
တွင် ခေါင်းငိုက်စိုက်ကာ
ထိုင်နေသည့်လူသားအနားသို့ အမြန်တိုးကပ်သွား
ကာ နံဘေးသို့ဝင်ထိုင်လိုက်
လေတော့ ချက်ချင်း ရင်ခွင်
ထဲသို့ တိုးဝင်ကာ မခမ်းခြောက်
နိုင်သေးသည့် မျက်ရည်များအား
ဆက်၍ စီးကျစေလေရဲ့*ပြောပါအုံး ဒီအချိန်ကြီး
တစ်ယောက်တည်း ဒီနေရာမှာ
ထိုင်နေတာမကြောက်ဘူးလားရင်ခွင်ထဲသို့ မရမကတိုးဝင်
နေသည့် အသည်းနှလုံးနု
လှသည့် လူကြမ်းကြီး၏
ကိုယ်အား အသာဆွဲထုတ်ကာ
မျက်ရည်များသုတ်ပေးလေ
တော့ ပို၍သည်းထန်စွာငို
လာသည့် လူကြမ်းကြီးကြောင့်
ငိုရမလို ရယ်ရမလိုပင်