Ep-5

2.8K 359 6
                                    

မနက်​မိုးစင်​စင်​မလင်း​သေး​ပေမယ့်​ ဂျီမင်းတစ်​​ယောက်​လုံ့လ​ရှေ့ထားကာထနှင့်​​နေပြီဖြစ်​သည်

အိပ်​ယာ​ဘေးတွင်​တင်​ထားသည့်​ နာရီကိုကြည့်
လိုက်​​တော့ မနက်​5နာရီ ပုံမှန်​ဒီလိုအချိန်​မှာဂျီမင်း
ထ​လေ့မရှိ​ပေမယ့်​ အကိုနှင့်​အတူမနက်​စာအတူ
စားရမည်​ကြောင့်​ တက်​ကြွ​နေ​လေသည်

အိပ်​ယာ​ပေါ်ကအသာဆင်းကာ ပြတင်း​ပေါက်​ ​လေး
အသာဖွင့်​လိုက်​​တော့ ရူရိုက်​မိလိုက်​သည်​ကလန်း
ဆန်းသည့်​ မနက်​​ခင်း​လေ

သဘာဝတရားကြီး၏ လှပမူကိုတခဏမျှခံစားကာ
ရူစားခြင်းကိုအပြီးသတ်​လိုက်​ရ​တော့သည်​ ​တော်​ကြာ အကို​စောင့်​နေရဦးမည်​​လေ

မျက်​နှာသစ်​သွားတိုက်​ရင်း​ရေတစ်​ခါတည်းချိုးလိုက်
တော့ လူကလန်းဆန်း​နေသည်​ အကိုနှင့်​အတူ တစ်​ခါ
မျှ အတူခရီးထွက်​ဖူးတာမျိုးမရှိတာ​ကြောင့်​ ဂျီမင်း
အတွက်​ ထိုခရီးဟာ မစရ​သေးခင်​မှာပင်​စိတ်​လူပ်​ရှား
နှင့်​​လေပြီ ခက်​သည်​ အကိုနှင့်​ပထမဆုံးခ်ျိန်း​တွေ့ခြင်း
မျိုးမဟုတ်​​ပေမယ့်​လဲ အကိုနှင့်​အတူဟူသည့်​အ​တွေး
က မိမိအားလွှမ်းမိုးနိုင်​လွန်းသည်

အထုပ်​အပိုးအကုန်​ပြင်​ဆင်​ပြီးသွားသည်​အထိ အကို
လာမည့်​အချိန်​မ​ရောက်​​သေးသည်​​ကြောင့်​ ခြံဝန်း
ထဲကဒန်း​လေး​တွေ ထွက်​ထိုင်​ကာအကိုအား​စောင့်
နေမိသည်

ဂျီမင်းသည်​ အလိုလိုက်​ခံရသည့်​က​လေးမို့လားမသိ
အကို့အ​ပေါ် မှီခိုချင်​သည်​ အလိုလိုက်​ခံချင်​သည်
အ​ဖေတို့သည်​ အသက်​ကြီးမှ မိမိအားကိုယ်​ဝန်
ဆောင်​ရသည်​​ကြောင့်​ အရာရာထက်​ပိုအ​လေး​ပေး
သည်​ ဖြစ်​​စေချင်​သည်​ထက်​ ဖြစ်​ချင်​တာကိုလုပ်​​စေ
သည်​ အ​ဖေ့အလုပ်​အားကူရမည်​ကို​သိ​သော်​လည်း
ကျွန်​​တော်​သည်​ထိုအရာ၌ကား စိတ်​ဝင်​စားခြင်း
စိုးစိမျှမရှိ ဤသည်​ကိုလဲ မိဘများကနားလည်​​ပေး
သည်​ မိမိဝါသနာပါသည့်​ အရာကိုပံ့ပိုး​ပေးသည့်​ အပြင်​ ကိုးရီးယားသို့အ​ခြေစိုက်​ချင်​သည့်​ ကျွန်​​တော့်​အား နားလည်​​ပေးပြန်​တာ​ကြောင့်​ အ​ဖေနှင့်​အ​မေ
အား ကျန်​ဘဝတစ်​​လျောက်​လုံး အ​ဖော်​ပြုဖို့​တွေး
မိသည်​ ထိုထက်​ပိုထူးသည်​က အကိုသည်​ ကျွန်​​တော့်
မိဘများသ​ဘောကျသည့်​ အ​ဖေ့​​ရွှေသားမက်​​လေး
ုဖြစ်​​နေခြင်းပင်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now