Ep-13

2.1K 259 0
                                    

လွမ်းနာကျ၍ စိတ်အားအလိုလိုက်ကာ ကုမ္ပဏီအားဖြစ်
ချင်ရာဖြစ်လေရော့ဆိုပြီး မျက်နှာလွှဲထားသည်မှာတစ်
ပတ်ပင်ပြည့်ပြီ တစ်ပတ်ဆိုသည့်အချိန်ဟာမနည်းလှ
ပေမယ့် နမ်ဂျွန်းအတွက်တော့ သိပ်ကိုကုန်မြန်လွန်းလှ
သည် နေ့နေ့ညညသောက်စားကာမူးရူးသော်လည်း အချိန်တန်မိုးလင်းပြန်တော့ ချစ်ရသူအားသတိရစ
မြဲပင် သစ္စာဖောက်ကာနောက်တစ်ယောက်ပင်အလွယ်
တကူချစ်သွားခဲ့သည့်သူအား စိတ်မနာရက်သည့်အပြင်
မေ့မရနိုင်သည်ကိုသိရပြန်တော့ ဟန်မြစ်ထဲသို့ခုန်ချကာ ဘဝတစ်ပါးသို့ပြောင်းချင်မိသည်အထိပင်

အရက်တစ်ခွက်အားအဖော်တစ်ယောက်လို ပေါင်းသင်း
နေမိသည့် မိမိအား အဘယ်သူကများနားလည်ပေးနိုင်
မည်နည်း မွေးကတည်းက ပြည့်စုံခြင်းနှင့်ကင်းဝေးလာ
ခဲ့သည့်သူ မိဘမေတ္တာများအား အလိုရှိခဲ့သော်လည်း
တစ်ခါမျှအချစ်မခံရသည့်သူ အင်းအရာရာဟာ‌ကံ‌မ
ကောင်းခဲ့စေဦးတော့ ဘဝလက်တွဲ‌ဖော်အဖြစ်ရွှေးချယ်
ခဲ့သည့်ချစ်ရသူသည်တော့ စစ်မှန်လောက်ပါရဲ့ ဟု
ချွေးသိပ်ကာတွေးခဲ့သမျှ သဲထဲရေသွန်ဖြစ်ကချေပြီ
အဘယ်ဘဝက ဝ‌ဋ်ကြွေးများကြောင့် ရည်းစား‌ဦးသည်ကိုယ့်ညီနှင့်ဖူးစာပါ၍ ဆွေမျိုးတော်စပ်ရလေ၏

ဘဝဇာတ်ကြောင်းများအားရင်နာနာနှင့်တွေးရင်းလက်
ထဲက အရက်တစ်ချို့ကို စီးဝင်စေလိုက်‌တော့ ‌အာခေါင်
ပင်ပူကျစ်သွားရသည် ချီး ဒီလိုအကျိုးနည်းအရည်ကို
များဘယ်သူက  အသည်းကွဲဝေသနာအားပျောက်စေ
သည်ဟု ဆိုထားသည်မသိ နည်းနည်းလေးမှ ဝေသနာ
အားမသက်သာစေသည့်အပြင် ဒီထက်များပါက
တစ်ခါတည်းပင် လျှောနိုင်ချေရှိ၏

*ထားသွားနိုင်တဲ့သူက ထားသွားပြီကိုအခုထိအလွမ်း
ဒဏ်ကမပြယ်နိုင်သေးဘူးလား

အရက်ခွက်အားခါးခါးသီးသီးကြည့်နေရင်း ထွက်လာ
သည့်ခပ်ရှရှအသံလေးကြောင့်ဘေးကို စောင်းငဲ့ကြည့်
လေတော့ ဆုံဖူးခဲ့သည့်အပြာရောင်ကောင်လေး

ဘေးနားရှိခုံအား မကာမိမိနားကပ်ကာထိုင်လာသည့်
ကောင်လေးအား ဘာသဘောလဲဟူသည့် ပုံစံဖြင့်
မျက်ခုံးပင့်ပြလိုက်လေတော့ ချက်ချင်းရင်ဘက်ကို
လက်ဖြင့်ဖိကာ အနှီစကားအားဆိုလေရဲ့

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now