Ep-22

2.3K 215 2
                                    

*လူကြီး ထမင်းစားမယ်လာ

လေညှင်းလေးခပ်သွဲ့သွဲ့
ပင်စည်ကြီး တုတ်တုတ်
ခိုင်ခိုင်ရှိလှတဲ့ ဒီအပင်ကြီး
ဟာ နမ်ဂျွန်းသိပ်သဘောကျ
တဲ့အရာထဲကတစ်ခု အငွေ့
တစ်ထောင်းထောင်း ကော်ဖီ
တစ်ခွက်ရယ် ရိုးရှင်းလှတဲ့
စာအုပ်တစ်အုပ်ရယ် ကျ
လာတဲ့နေရောင်လေးကို
ခံစားပြီး အနားယူခြင်းဟာ
နမ်ဂျွန်းအတွက် ဘယ်
အရာနဲ့မှမလှယ်နိုင်တဲ့
ပျော်ရွှင်ရာ

တစ်နှစ်နဲ့ လေးလ

ရက်တွေ လ‌တွေထပ်တိုး
ကာသွားတော့ ကုန်မှန်း
မသိအချိန်ဟာ တစ်နှစ်တောင်
စွန်းလေပြီ အဖေ့အတွက်သား
လိမ္မာလေးမဖြစ်ပေးနိုင်ခဲ့သည်
မို့ ပျော်ရွှင်ရာနေရာလေး
တွင်သာ ဇာတ်မြုတ်ကာနေ
ထိုင်ခဲ့မိသည် အချစ် ဘာညာ
သာရကာထပ်လောင်းခံစား
ရအောင်လဲ အသက်မှာဖြင့်
သုံးဆယ်ပင်စွန်း၍ နေလေ
ပြီ အချစ်‌ဦး သေသည်ထိ
မေ့မရတဲ့ အမှန်ပါပဲ နမ်ဂျွန်း
အချစ်ဦးအား မေ့မရခဲ့ပေ
တိုက်ဆိုင်မူများရှိခဲ့လျှင်
သတိရတတ်သည်မှာလဲ အချစ်
ဦးပင်မို့ နည်းနည်းမခံချင်ဖြစ်
မိသည် ကိုယ်ကပဲ တစ်ဖက်သတ်
ကိုယ်ကပဲ သတိရနေတဲ့အဖြစ်
အခုလိုသတိတရရှိနေသေး‌၍
ချစ်နေသေးသည်ဟုဆိုပြန်
သော်လည်းမဟုတ် သူ့ဘဝတွင်
အေးချမ်းရာကောင်လေးတစ်
ယောက် ပိုင်ဆိုင်ထားခဲ့ပြီမို့

*စာအုပ်ချည်းပဲ ဖတ်မနေနဲ့
ထမင်းလဲစားအုံး

သယ်လာ‌သောလင်ဗန်းလေး
အား စားပွဲပေါ်အသာချကာ
ပြောလာသည့် ကောင်လေးသည်
တစ်မနက်ခင်းလုံး နားထားသည့်
ပုံမပေါ်

*နဖူးမှာလဲ ချွေးတွေနဲ့ ဟင်းတွေ
ချက်နေပြန်ပြီလား ငယ်

စာအုပ်အားအသာချကာ ချွေးလေးအား
လက်ဖြင့်အသာသုတ်ပေးလေတော့
ပြုံးဖြီးဖြီးဖြင့် သဘောကျနေသည့်ငယ်

*အလုပ်သမားတွေလဲရှိတယ်
ပိတ်ရက်လေးပဲ အေးဆေးနေရ
တာကို ဘာလို့ပင်ပန်းအောင်လုပ်
နေရတာလဲငယ်ရာ

*ဟင်းချက်ရတာက တကယ်
ပင်ပန်းတယ်သိလားလူကြီး
ဒါကြောင့် ကောင်းကောင်း
‌မကောင်းကောင်း စားပေးရ
မယ်နော်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now