Ep-19

1.9K 225 11
                                    

*အဖေ ဒါကြီးကတော့မဟုတ်
သေးဘူးမလား

ဆုံလည်ခုံကြီးကာ ‌ခြေချိတ်ထိုင်
ကာ မခန့်လေးစားလုပ်နေသည့်
ဂျောင်ကုကြောင့် နမ်ဂျွန်းအမှန်
တကယ်ပင် ပေါက်ကွဲချင်လာ
သည် တစ်ဖအေတည်း ဟုတ်
သည်မို့တော်တော့သည် ဒင်းက
ငါ့ကိုဆို နိုင်မှန်းသိလို့သိပ်ရမ်း
ကားတာ

*နောက်နေ့ကနေစပြီး သားငယ်
က အဖေ့နေရာဝင်လိမ့်မယ် မင်း
လဲ ကူမယ့်သူရှိ‌ တော့သက်သာတာ
ပေါ့

ကုန်ပြီ နမ်ဂျွန်းသည်းခံမူအတိုင်း
အတာ ထက်ကျော်လွန်သွားချေပြီ
ဥက္ကဌတဲ့ အဲ့လောက်လွယ်လား
ဘာကိုမှစိတ်ဝင်စားမူမရှိသည့်
ဂျောင်ကုဟာ အဖေ့အမြင်တအား
ကိုထက်မြက်လေသလား

*အဖေ ဒါကစားစရာမဟုတ်ဘူး
နော် ကျန်တာကျွန်တော်လက်ခံ
လို့ရတယ် ဒါကြီးကတော့မဟုတ်
သေးဘူးလေ ပြီးတော့ဂျောင်ကုက
ဘာအတွေ့အကြုံမှလဲရှိတာမဟုတ်
ဘူး အနည်းဆုံးလုပ်မယ်ဆိုရင်
တောင် ဂျောင်ကုက အလုပ်သင်
အနေနဲ့ အရင်ဝင်သင့်တာမဟုတ်
ဘူးလား

ဘယ်တော့အခါမျှ ကျွန်တော့်အား
ယှဉ်နိုင်ခြင်းမရှိသည့် အကိုနမ်ဂျွန်း
သည် ကျွန်တော်ဘယ်သူဆိုသည်ကို
မေ့သွားသည့်ပုံ အကိုသည်ကျွန်တော့်
အားသမိုင်းတွင် ညီမိုက်တစ်ယောက်
တစ်ယောက်အဖြစ်အမည်တွင်စေ
လို၍လားပင်မပြောတတ်

*အထင်သေးလှချည်လား အကို
မစားကြည့်ပဲ မကောင်းဘူးဆိုတာ
ဘယ်လိုသိမှာလဲ ဈေးကြီးလို့ဝယ်
မစားနိုင်ပါဘူး ဆိုရင် အဲ့အ
ကြောင်းပြချက်က ယုံချင်စရာ
ကောင်းချင်ကောင်းအုံးမှာ

ငယ်ကတည်းက ရွှေဇွန်းကိုက်
၍ဖွားခဲ့ရ၍လားမသိ ဂျောင်ကု
သည် သိပ်ရိူင်းသည် အကို့ချစ်သူ
အားလုယူသွားခဲ့သည်သာမက
နောက်ထပ် ထီးနန်းပါအပိုင်
လိုချင်သေးပြန်၏
အရာရာသာလွန်စာအပိုင်စား
ရခဲ့သောညီငယ်သည် မေမေ
ငယ်ထံမှ ကောင်းခြင်းအမူများ
တစ်စုံတစ်ရာမျှ ပါလာပုံပင်
မပေါက် တစ်ကိုယ်ကောင်း
ဆန်ကာ အတ္တကြီးသည့်အဖေ့
ထံမှအမွှေကိုတော့ သာလွန်
စွာရခဲ့လေသည်

*မိူတက်နေတာကိုမြင်ရဲ့သားနဲ့
ဈေးကြီးတဲ့ ငွေမူန်ဖြူးထားတာ
ပါဆိုပြီး ဂျင်းထည့်ခံပြီး မြည့်ကြည့်
မယ့်သူမှ မဟုတ်တာ စော်ကား
တယ်ဆိုပြီးတော့လဲ မစွပ်စွဲနဲ့အုံး
အကိုက မြင်တဲ့အတိုင်းပြောတာ

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now