Ep-15

2K 239 4
                                    

ပင်ပန်းနွမ်းနယ်မူများအား ခနအသာ
ချကာအိပ်ရန်ပြင်တော့ မိမိပုခုံးပေါ်မှီနွဲ့လာ
သည့်‌အပြာရောင်ခေါင်းလုံးလုံးလေးတစ်ခု

*ဘာလို့လဲ လေယာဉ်မူးလို့လား

မလန်းမဆန်းဖြစ်နေသည့် ကောင်လေးအား
နမ်ဂျွန်းစိတ်ပူမိသည် ပုံမှန်ဆိုသိပ်တက်ကြွ
နေရမည့် ကောင်လေးမဟုတ်ပါလား နဖူး
လေးအား လက်ဖြင့်အသာအယာစမ်းလိုက်
တော့ ခံစားလိုက်ရသည့်ခပ်နွေးနွေးအပူချိန်

*ကိုယ်ပူနေတယ် နေမကောင်းဖြစ်ချင်နေတာလား

စိုးရိမ်စွာမေးနေသည့်သူ့စကားအဆုံး
ရင်ခွင်ထဲသို့တစ်ဖန်ပြောင်း၍တိုးဝင်
လာသည်ကြောင့် နမ်ဂျွန်းအလိုက်သိ
စွာ ပြန်၍ဖတ်သွယ်ပေးရပြန်သည် နေမကောင်း
ဖြစ်လျှင် သိပ်ချွဲလွန်းသည့်ကောင်လေးမှန်း
နမ်ဂျွန်းမှန်းဆမိလိုက်သည် မိသားစုအရေး
များ ပြောလေ့မရှိသူအဖို့တစ်ယောက်တည်း
အားငယ်နေသလားပင်မပြောတတ်

*ရပါတယ် နည်းနည်းနေရခက်နေလို့
ခင်ဗျားသာဒီလိုဖက်ထားပေးရင် မကြာ
ခင်ကျွန်တော်နေကောင်းသွားမှာ

ကြည့်စမ်း နေမကောင်းဖြစ်နေတာတောင်
စကားနဲ့ချုပ်နိုင်သေးတဲ့ ကောင်လေးပါလေ
ကိုယ့်ကိုကိုယ် ဒီလောက်ထိ အပြောကောင်း
မှန်းဒီကောင်လေး သတိပင်ထားမိလားမသိ

*ဟုတ်ပြီ ကိုယ်မင်းကိုဖက်ထားပေးမယ်
အခု အိပ်လိုက်တော့ဟုတ်ပြီလား

ဖျားနေသည့်ကောင်လေးအား အခုအချိန်
အတွင်း နမ်ဂျွန်းအပြည့်အဝဂရုစိုက်ပေးမည်
မချစ်ပေမယ့်လို့ လိုအပ်တိုင်းအသင့်ရှိနေ
ပေးသည့် ကောင်လေးမို့ နမ်ဂျွန်းထိုကောင်
လေးအား ရင်ခွင်ထဲခိုဝင်ခိုင်းဖို့ရာ ဝန်မလေး
မချစ်နိုင်သည်မို့ ဖြူဖြူစင် ထိုကောင်လေး၏
မှီခိုရာ အကိုတစ်ယောက်အဖြစ် ဘေးနား
ထာဝရရှိနေပေးမည် သို့ပေမယ့်ထိုမေတ္တာအား
အဓိပ္ပာယ်ကောက်မလွှဲစေချင်သည်က
ဒီကောင်၏ စိတ်ရင်းအမှန်

ရွှေ့လျားနေသည့် စီးနှင်းလိုက်ပါလာလေ
သော လေယာဉ်သည် လိုရာခရီးသို့တ
ရွှေ့ရွှေ့
ပျံသန်း နေလေပြီ ခရီးသည်
ရှည်လျား၏ တိမ်များအကြား လေဟုန်
စီးကာ မကြာခင် အေးချမ်းရာသို့ရောက်
မည် လည်ပတ်ခြင်းသည် အကောင်ဆုံး
စိတ်အပန်း‌ဖြေရာမည်သည်တဲ့ အင်းဟုတ်
မဟုတ်လေဝောာ့မသိ အချိန်ဖြည့်မင်း
အကြောင်းမတွေး၍ မဆွေး၍ မလွမ်း၍
တစ်နာရီမျှ နေနိုင်လျှင်ပင် ထိုခရီးအား
လိုက်လာခဲ့ခြင်းအား နမ်ဂျွန်း နောင်တရလိမ့်
မည်မဟုတ်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now