Ep-12

2.2K 279 9
                                    

သဲကာမဲကာရွာကျလာသည့်မိုးသည် အဘယ်အငြိုးများ
ကြောင့်ပို၍သည်းနေသနည်း ဆံပင်များအားထိုးဖွကာ
လက်ညိုးကြားက ဆေးလိပ်လေးကိုမီးငြိကာရိူက်ဖွာ
လေတော့ လှပစွာထွက်ကျလာသည့်အဖြူရောင် အခိုးအ‌ငွေ့များ

ဝါးရံတာမှတိုးဝင်လာသည့်မိုးပြေးလေးသည် နမ်ဂျွန်း
အားအဆုံးထိပေါက်ကွဲရန် ပင့်ဆောင်းပေးနေသည့်
မီးပွားလေးပမာ ခံစားချက်များအားသိပ်နက်ရိူင်းစေ
သည်

မည်သူတစ်ဦးတစ်ယောက်‌၏ပယောဂကြောင့်မဟုတ်ပါဘဲ နမ်ဂျွန်း၏ပိုင်ဆိုင်ရာဖြစ်သောထိုမျက်လုံးများက
အတည်ပြုရာ၏ ချစ်လွန်း၍အရာရာထိုသူနှင့်သာ
ရှေ့ဆက်ချင်သည့်မိမိအားလောဘကြီးလွန်းသည်ကြောင့် ဒဏ်ခတ်လေသလားမ‌ပြောတတ် ချစ်ရသည့်
ထိုသူကား တစ်ခြားတစ်‌ယောက်အားမြတ်နိူးနေသည်
တဲ့လား သူငယ်ချင်းတစ်ယောက်မဟုတ်တန်ရာ အဘယ်သူငယ်ချင်းမျှ ထိုကဲ့သို့ လူမြင်ကွင်းများကြား
အရှက်မဲ့စွာ နမ်းရိူက်မည်နည်း ခံပြင်းလွန်းစွာနမ်ဂျွန်း
ထိုမြင်အား အဆုံးထိပင်မကြည့်နိုင်ထိုနေရာမှပင်
ထွက်ပြေးခဲ့မိသည် ကိုယ်နှင့်တွဲနေစ‌ဉ်အတွင်းပင်
သိပ်အရှက်အကြောက်ကြီးသည့် ချစ်ရသူဟာ အနမ်း
ပုံသေနည်းအား လူကွယ်ရာတွင်တောင်ရှက်ရွံ့နေတတ်
သူ  အခုများတော့လူစားထိုးခံရသည့်အလား ထိုသူ၏
အနမ်းများအား မင်းပြန်လည်တုန့်ပြန်တတ်ချေပြီ
ကိုယ်ဟာအရူံးမခံနိုင်သူမို့ ကိစ္စအရပ်ရပ်အားနားလည်
ပေးနိုင်ပါလျှင်တောင် မင်းကိုယ့်အနားပြန်လည်သက်
ဝင်နိုင်ပါမည်လား

*ဒီ...ဒီ.....

လူပ်ရှားစွာအော်မြည်ကာတုန်လူပ်လာသည့်ဖုန်းသံကြောင့် လက်ရှိပစ္စုပန်အားပြန်လည်ရောက်ရှိလာ
ခဲ့သည် လက်ချောင်းထဲကဆေးလိပ်ဟာလဲ မီးစာများ
ပင်ကုန်၍ လက်များပင် မီးကျွမ်းလေသော်လည်းနာ
ကျင်ခြင်းအားစိုးစိမျှမခံစားမိ သို့မဟုတ်နာဖို့ပင်မတတ်
နိုင်တော့လေသလား

*ဟယ်လို

စားပွဲပေါ်ရှိတုန်မြည်နေဆဲဖုန်းအား အမြန်ကိုင်လိုက်
လေတော့ မျက်ဝန်းများကြားမှ မျက်ရည်တစ်စက်ဟာ
ကျလို့လာချေသည် ရင်နာနာနှင့်နားထောင်နေသော်လည်း တစ်ဖက်လူ၏စကားသံများဟာ နားထဲ
ပင်မရောက် အတွေးထဲတွင် ထပ်ကာထပ်ကာမေးနေ
မိသည့်စကားလုံးသည်သာ ပဲ့တင်သံထပ်လို့နေလေ
သည် လုပ်ရက်လေခြင်းဟူ၍ပင် သူမဆိုနိုင်တော့ပါ
ငယ်စဉ်ကတည်းက‌ မေတ္တာငတ်မွတ်နေသူကျွန်တော်
ဟာ ငယ်ရွယ်သည့်ထိုကောင်လေးအချစ်ကြောင့်
မပြည့်ဝမူအား အသာထား သူ့အချစ်အား တစ်ဘဝ
ထင်ကာ အနာဂတ်များအားပုံဖော်ကာ အချစ်တစ်ခု
တည်းအား ကိုးကွယ်ဖူးသည် ညဉ့်နက်အိမ်မက်ဆိုးများကြားလွတ်မြောက်အောင် ထိုကောင်လေးအားချော့မြူ
စေဖူးသည် လွယ်လွန်းသည်လား သူ့အချစ်များဟာ
ထိုမျှလောက်အလွယ်တကူဖြက်တောက်နိုင်လောက်
အောင် တန်ဖိုးမဲ့သည်လား

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now