Ep-11

2.3K 297 6
                                    

မစူးစမ်းသင့်သည့်အ‌ကြောင်းအရာစမ်းသပ်ကြည့်တော့
တစ်စုံတစ်ရာဆိုသလိုပေါ့ တစ်ခါမှအရက်ကိုအ‌နံ့မခံဘူး
တဲ့ကောင်က မနေ့ကအမုန်းစွဲလိုက်တာအခုတော့ခေါင်း
တောင်မထောင်နိုင်တော့ မှိတ်‌ထား‌သောမျက်လုံးများဖွင့် ဖို့နေနေသာသာ အိပ်ယာကပင်မထချင် ‌တရေးနိူး
ပြီးပြန်မအိပ်တတ်သူမို့ အိပ်ယာမှအသာထထိုင်ကာ
ဂုတ်အားတစ်ချက်နှစ်ချက် ချိုးလိုက်တော့ အနည်းငယ်
သက်သာသွား တစ်ယောင် တော်ပြီနောက်ခါအရက်များ
ယောင်လို့တောင်သောက်တော့မည်မဟုတ်

*ခင်ဗျားကြီး နိူးရင်လဲထတော့ဗျာ

*အမယ်လေး

ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ ကောင်
လေးတစ်ယောက်ကြောင့် နမ်ဂျွန်းလိပ်ပြာပင်လွှင့်မတတ် နံရံအားမှီကာ မိမိအား ကြည့်နေသည့်ကောင်း
လေးထံမှအကြည့်လွှဲကာ ပတ်ဝန်းကျင်အားအကဲခတ်
လိုက်လေတော့ ကျွန်တော့်အခန်းမဟုတ် ဒါဖြင့်ငါကဘယ်ရောက်နေတာလဲ

နိူးလာကတည်းက ကြောင်တောင်တောင်နှင့်ကြည့်
နေသည့်ထိုသူသည် အခုထိသူ့အ‌ခြေအနေကိုမသိသေး
ပုံ အင်းမနေ့က ဒင်းကိုယ်ကြီးအားသယ်လာရသေး
သည် ဆိုဖာပေါ်သာ ဒင်းအားသိပ်ရန်ပြင်သော်လည်း
ရှည်လွန်းလှသည့် သူ့အရပ်ကြီးကြောင့် ‌ခြေထောင်ပင်
ပိုနေသေးသည် သဘောမနောကောင်းသည့် ဟောဒီ
ကင်ထယ်ယောင်းဟူသည့်ကျွန်တော်ကဘဲ ဘယ်သူမှ
ပေးမအိပ်ဖူးသည့် ကျွန်တော့်ဘေဘီပေါ်တွင် ထိုအမူး
သမားအားသိပ်ကာ သူကိုယ်တိုင်ကဖြင့် ဆိုဖာပေါ်တွင်
သားနှပါးသွားလိုက်ရလေသည်

*ဘာလဲ အတိတ်မေ့သွားတာလား ဒါကျွန်တော့်အခန်း
ခင်ဗျားကြီး အိပ်ပျော်သွားလို့ခေါ်လာပေးတာ

*ငါကလား

ချီးဘဲ သေလိုက်ပါတော့လား ကူညီထားတာမို့ ကျေးဇူး
တင်စကားကြားရမယ်မှတ်တယ်အခုတော့ဖြင့် အရက်
လေးတစ်ခါသောက်ပြီး ဘာမှမမှတ်မိဘူးတဲ့လား သောက်ကျိုးနည်း အရက်သမားပဲ

*မမှတ်မိဘူး မလား မမှတ်မိလဲထားလိုက်တော့ အခု
ပြောချင်တာက ခင်ဗျား တစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ပြီးရင် ထွက်ခဲ့ မနက်စာထွက်စားမယ်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now