Ep-16

1.9K 240 2
                                    

*မောင်

*ပြောလေ ဘေဘီ

အိပ်ယာပေါ်၌ ဝမ်းလျားမှောက်ကာအိပ်နေ
သည့် မောင်သည် သိပ်ပင်ပန်းနေပုံရသည်

*ဂေဟာအတွက် တစ်နှစ်စားစရိတ်ကို
ကျွန်တော်လှူထားတယ်ဗျ

အသိပေးစရာကိစ္စမဟုတ်သော်ငြား
ဂျီမင်းမောင့်အား ပြောပြမိသည်

*ကောင်းတာပေါ့ မောင်ကတောင်
ပြောမလို့လုပ်နေတာ

မိမိဘေးနားငုတ်တုပ်ထိုင်နေသည့် ကောင်
လေးလက်အား အသာဆွဲလိုက်လေတော့
အလိုက်သိစွာ ရင်ခွင်ထဲသို့တိုးဝင်လာသည့်
ကောင်လေး

နူးနူးညံ့ညံဆံနွယ်လေးအားသပ်တင်ကာ
နမ်းရိူက်လိုက်လေတော့ မွှေးလိုက်ပါဘိ
ဂေဟာအတွင်းပင်ပန်းခဲ့သမျှသည်
ယူပစ်သလိုပင် သက်သာသွား၏

*မောင် ဘယ်နေ့ပြန်ချင်လဲဗျ

ခပ်ဝေ့ဝေ့ မျက်ရည်သီနေသည့် ကောင်
လေး၏ မျက်လုံးများသည် ဤနေရာ၌
ပျော်မွေ့နေပုံ ကိုယ့်ဇာတိမဟုတ်သည်
ကြောင့် အနည်းငယ် အခက်အခဲရှိသော်
လည်း ချစ်ရသူ‌ပျော်ရွှင်ခြင်းက ပို၍
အရေးကြီး၏

*ဘေဘီ့ သဘော ကိုယ်ကတော့မင်း
ရှိနေရင်အဆင်ပြေတယ်

စစ‌တွေ့ချင်းသိပ်ဆိုးသည်ဟုထင်ရသည့်
မောင်သည့်သူ့အား ထိုမျှလောက်ချစ်သည်
ကိုသိရတော့ ဂျီမင်းကြည်နူးမိသည်

*ကျွန်တော်မောင့်ကိုသိပ်ချစ်တယ်‌ဗျ

အထူးတလည် မိတ်ဆက်စရာမလိုသည့်
နှုတ်ခမ်းနှစ်စုံသည် အကြိမ်ကြိမ်အခါခါ
ရောယှက်ခြင်းပြုဖူးသောငြား ဂျီမင်းတစ်
ယောက်အသားမကျနိုင်သေး အနမ်းများ
သည် ငြင်သာသည် သို့ပေမယ့် ခါးထက်
သို့နေရာယူလာသည့် မောင့်လက်များ
ကြောင့် ရင်ခုန်သံများက ထိန်းချုပ်နိုင်
စွမ်းမဲ့ကာ အခုန်မြန်လွန်းသည့် နှလုံးသား
ကြောင့် မောဟိုက်လာရသည်

*အိပ်တော့ ကိုယ်ချော့သိပ်မယ်

နှုတ်ခမ်းတစ်ဖက်ကော့ညွတ်ကာ ပြုံး
သည့်မောင်ကြောင့် အရှက်သည်းစွာ
ရင်ခွင်ထဲ မျက်နှာအပ်ထားမိသည်
အထိန်းအချုပ်မဲ့လွန်းသည် ပတ်ဂျီမင်း
ဆိုသည့် ကျွန်တော်သည် မောင်နှင့်ပက်
သက်လျှင် အနမ်းတစ်ပွင့်ကအစ
ပရမ်းပတာဖြစ်နိုင်လွန်းသည်

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now