Ep-7

2.6K 396 9
                                    

အာရုံဦး အလင်း​ရောင်​မကျခင်​နိုး​လေ့မရှိသည့်​ ကျွန်​​တော်​သည်​ ထူးထူးခြားခြား မျက်​လုံးများကပွင့်​လာ
သည်​​ကြောင့်​ အိပ်​ယာမှထိထိုင်​မိလိုက်​သည်​ တဲထဲ
မှအသာ​လေးထွက်​ကာ ကြည့်​လိုက်​​တော့ အလင်းပင်
မ​ပေါက်​​သေး အကို့အားကြည့်​လိုက်​​သော်​လည်းနိုး
နေသည့်​ အရိပ်​အ​ယောင်​မမြင်​သည်​​ကြောင့်​ ဂျီမင်း
တစ်​​ယောက်​တည်း အ​ညောင်း​ပြေအညာ​ပြေလမ်း
လျှောက်​ထွက်​ရန်​ပြင်​လိုက်​သည်

ကမ်းနားတစ်​​လျှောက်​ တိုးဝင်​လာသည့်​​လေများက
အေးမြစွာ စိတ်​အစုံကို​အေးချမ်း​စေပြန်​သည်​ မနက်
အ​စောမို့ အသည်းခိုက်​​အောင်​တိုက်​ခတ်​​နေသည့်​​လေ
အား လျစ်​လျူရှုကာ ​ရေထဲသို့​ခြေချလိုက်​​တော့
ကျင်​တက်​လာသည့်​ ​အေးစက်​မူ​ကြောင့်​ အသံထွက်
အောင်​ ရယ်​မိလိုက်​​သေးသည်

ပုံမှန်​​စော​စောထကာ ​ရေမိုးချိုး​လေ့မရှိ​ပေမယ့်​ မ​နေ့ညအထိ အ​တွေးထဲဝင်​​ရောက်​လည်​ပတ်​​နေသည့်
ထိုသူ​ကြောင့်​ အနည်းငယ်​မျှ စိတ်​သက်​သာလိုသက်​သာငြား မနက်​ခင်း​ရေစိမ်​ရန်​အ​တွေး​ပေါက်​ခဲ့ခြင်းပင်

*​အေး​နေ​ရော...

အသံထွက်​ကာ ​ရေရွတ်​လိုက်​ရင်း ​ပေါ်မ​လာ​သေးသည့်​ ​နေမင်းကြီးအားကြည့်​ကာ ပင်​ပန်းမူများ
အား ​အသာ​ရေရွတ်​​နေမိ​လေရဲ့ ထူးဆန်း​ပေမယ့်​လဲ
ထိုနည်းက အမှန်​တကယ်​ပင်​ ထိ​ရောက်​သည်​မို့ စိတ်
ခံစားချက်​များရူပ်​​ထွေးလာတိုင်း ဒီကိုလာပြီး​ဖြေ​ဖျောက်​ရမလားဟူသည့်​ ခပ်​​နှောက်​​နှောက်​အ​တွေးက
ဦး​နှောက်​ထဲ၌တဝဲလည်​လည်

*မ​အေးဘူးလား တစ်​​ယောက်​တည်း​ရေစိမ်​​နေတာ

မ​တွေ့ချင်​လို့ ​ရှောင်​ကာမှ တည့်​တည့်​တိုးရသည့်​မိမိ
အဖြစ်​သည်​ ဘယ်​ဘဝက ဆု​တောင်းမှားခဲ့​လေသနည်း ​ရှေ့ဆက်​လို့မရမှန်းသိ​သော်​လည်း တိုး
ဝင်​ချင်​မိသည့်​မိမိစိတ်​ ​ခွင့်​ပြု၍မရမှန်းသိ​သော်​လည်း
ထိုလူသားအနား​ရောက်​လာတိုင်း အတိုင်းမသိဝမ်း
သာတတ်​သည့်​မိမိစိတ်​ ထိုသူအား မမြင်​မ​တွေ့ဘဲ
မ​နေနိုင်​သည့်​ မိမိစိတ်​သည်​ ​ညစ်​နွမ်းကာ ​လောင်​မြိုက်​ လို့်​နေ​လေသည်​ အကိုနှင့်​အတူရှိ​နေရင်းနှင့်​ပင်
ထိုသူအား ​တွေးစစဖြင့်​ ​မျှော်​​နေတတ်​သည့်​မိမိသည်
အင်​မတန်​ စိတ်​ပျက်​စရာ​ကောင်း​နေ​လေရဲ့ ထိုသူအား အပြက်​ဖျက်​ရ​အောင်​ထိလဲ နှလုံးသားက
မမာ​ကြော​လေ​တော့ ​ရှေ့မျက်​နှာကို​နောက်​ထားဆို
သလို မျက်​နှာ​ပြောင်​တိုက်​ကာ အကို့အားခွင့်​လွှတ်
စေချင်​ပါရဲ့

မောင့်ကြင်သူသက်ငယ် [Completed]Where stories live. Discover now