အခန်း(၁) uni

7.8K 563 31
                                    

မနက်ခင်းဟု ဆိုသော်လည်း မှောင်ရိပ်တို့လွှမ်းခြုံနေသေးသည့် နှစ်နာရီအချိန်၌ အမဲရောင်ဆိုင်ကယ်တစ်စီးဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသော လမ်းမကြီးတစ်လျှောက် ကူးမားလို့ခေါ်တဲ့ အမေရိကန်တောင် ခြင်္သ​ေ့ တစ်ကောင်ပြေးလွှားနေသကဲ့သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။ ရှည်လျားလှသော လမ်း၏အဆုံးသတ်က ငေးမျှော်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း၏အစွန်အဖျားက ကြယ်လေးတွေနှင့် ထိစပ်နေသလားဟုပင် ထင်ရစေသည်။

ခြသေ့ တစ်ကောင်၏ကျယ်လောင်သော ဟိန်းသံနှင့် လျင်မြန်စွာ ပြေးလွှားနေသည်ဟု ထင်ရသော ထိုအမဲရောင်ဆိုင်ကယ်မှာ ဓာတ်ဆီဖြည့်သည့် ဆီဆိုင်နား၌ ခေတ္တရပ်သွားသည်။

ညလေထုက အေးမြပြီး အယ်လ်ဖာတို့၏ ဟော်လ်မုန်းနံ့များလည်း ရောစပ်နေသည်။ အကြောင်းက ထိုဆီဆိုင်နားတွင် အယ်လ်ဖာအုပ်စုတစ်စု ရှိနေသောကြောင့်ဖြစ်သည်။ ထိုအယ်လ်ဖာများထဲမှ လက်မောင်းနှစ်ဖက်အား ဂီယာများဖြင့် ထိုးဖောက်ပုံဖော်ထားသော အရပ်မြင့်မြင့်နှင့် အယ်လ်ဖာက ဆိုင်ကယ်ဝမ်းဗိုက်တွင် မှောက်လျက်နေကာ သူ့လက်ထဲက ဆေးလိပ်ဖင်ဆီဘူးကို ထိုးချေရင်း မလှမ်းမကမ်းတွင်ရပ်သွားသော ဆိုင်ကယ်ပေါ်မှကောင်လေးအား မထီမဲ့မြင်ပြုကာ ငေးကြည့်နေသည်။

"လူချမ်းသာလေး မင်း ဘယ်သွားမလို့လဲ။"

အယ်လ်တစ်ယောက်မှ နူးညံ့သောလေသံဖြင့် မေးလာသည်။ စွပ်ကျယ်သာဝတ်ထားပြီး ရင်အုပ်ကြွက်သားများကလည်း အဖုလိုက်၊ အရစ်လိုက်ဖြစ်နေကာ လူတကာကို စွဲမက်စေဖို့ ရည်ရွယ်၍ လစ်ဟာပြထားသလားဟု ထင်ရစေသည်။

ဤနေရာတွင်ရှိသော အယ်လ်ဖာများကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အကြောင်းမရှိဘဲ ရန်မရှာရဲကြပေ။

ဆိုင်ကယ်ပေါ်မှကောင်လေးက ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ သူစီးလာသော black panther အမျိုးအစားဆိုင်ကယ်က သူ့ဘေးတွင်ဝင့်ဝင့်ကြွားကြွားရှိနေသည်။ မြောက်ပိုင်းဒေသတို့၏ နတ်ဘုရား အဖြစ်တင်စားခံရသလို ထိုဆိုင်ကယ်၏ ခံနိုင်ရည်အားက အမေရိကန်တွင်ထုတ်လုပ်သော ခရူရာစစ်သင်္ဘော ၏ ခံနိုင်အား ၊ လျင်မြန်မှုနှုန်းတို့နှင့် ညီမျှသည်။ ထိုဆိုင်ကယ်၏ ၈၅ရာခိုင်းနှုန်းလောက်က လက်ဖြင့်သာတပ်ဆင်ပြုလုပ်ထားခြင်းဖြစ်ပြီး စံနှုန်းတစ်ခုအနေဖြင့် အစီးရေ ၂၅၀၀သာ ထုတ်လုပ်သည်။ ယခု ထိုကောင်လေးစီးထားသည်မှာလည်း ထပ်ပြီး မထုတ်လုပ်တော့သည့် ဆိုင်ကယ်အမျိုးအစားထဲမှ ဖြစ်လေသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now