အထူးကြပ်မတ်ကုသဆောင်၏ ပြတင်းပေါက်တွင် မြရောင်တောက်နေသော ရွက်စိမ်းတို့၏ရနံ့တို့ဖြင့် ထုံမွှမ်းနေသည်။
ယန်ယိကအဖြူရောင်ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပြတင်းပေါက်နားတွင် ဒူးကွေးထိုင်နေကာ အစိမ်းရောင်ထိုသစ်ပင်ကို ငေးကြည့်နေသည်။ ဒါက အရသာရှိမည်မဟုတ်။ ယန်ယိက နူးညံ့ကာထူထဲပြီး အရည်တို့ရွှန်းရွှန်းစိုနေသည့် သစ်ရွက်တွေကို နူးညံ့စွာဖြင့် ထိတွေ့ကိုင်တွယ်လိုက်သည်။ ထို့နောက် သစ်ရွက်လေးကို သူ့နှာခေါင်းနားအထိ ဆွဲကပ်ပြီး ပြင်းပြင်းထန်ထန်ရှူရှိုက်လိုက်သည်မှာ ထိုသစ်ရွက်တို့က ထိကရုံးပင်လေးကဲ့သို့ ကျုံ့ကျုံ့ကလေးဖြစ်သွားသည်အထိပင်။ မွှေးပျံ့လတ်ဆတ်သော ရနံ့တို့က သင်းနေအောင်ထွက်လာသည်။
ယန်ယိကအရည်တွေပြည့်ရွှမ်းနေတဲ့ သစ်ရွက်အနည်းငယ်ခူးယူပြီး သူ့ပါးစပ်ထဲထည့်ကာစားလိုက်သည်။ ချိုမြနေတဲ့ သစ်ရွက်ရဲ့အရသာက ဂျယ်လီနှင့်လည်း တူသည်။
ယန်ယိက အထူးကြပ်မတ်ဆောင်မှာ နေနေခဲ့တာ တစ်ပတ်ပင်ရှိနေပြီး နောက်လတွင်ပြုလုပ်မည့် ခွဲစိတ်မှုအတွက် ကလင်းဆဲလ်တို့တည်ငြိမ်မှုရှိအောင် တစ်နေ့ကိုတစ်ကြိမ် ထုံဆေးထိုးရသည်။
အထူးကြပ်မတ်ကုသဆောင်တစ်ခုလုံးက အလွန်တရာမှတိတ်ဆိတ်နေပြီး မလိုအပ်ဘဲနှင့် လူနာတွေကိုအနှောင့်အယှက်ဖြစ်အောင် လာမလုပ်ကြပေ။ တံခါး၏အပြင်ဘက် မီတာအနည်းငယ်အကွာမှ လျှောက်ဝင်လာသည့် ခြေသံတို့ရှိနေသည်။ ယန်ယိက ထိုအသံကိုနားထောင်ဖို့ နားစွင့်လိုက်ပြီး သို့ပေမယ့် ထောင်မတ်နေတဲ့နားရွက်လေးတွေက ခနအကြာမှာပဲ အနည်းငယ်သော စိတ်ပျက်ခြင်းများဖြင့် ပြန်လည်ကုပ်ဝင်သွားခဲ့သည်။
'သူ လုရှန်းကျင်အလာကိုစောင့်နေတာ တစ်ပတ်တောင်ရှိနေပြီ။'
ကုမ္ပဏီက လုပ်ငန်းကိစ္စတွေနဲ့ အမြဲတမ်းအလုပ်ရှုပ်နေပြီး လုရှန်းကျင်မှာ ယန်ယိထံလာ၍ အချိန်ဖဲ့ပေးဖို့အတွက် ခက်ခဲလှသည်။
'ယန်ယိက တောင်းဆိုအထွန့်တက်ခြင်းတို့မပြုလုပ်ဘဲ စောင့်ဆိုင်းနေရသည်။'
YOU ARE READING
Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)
Romanceငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ့်အချိန်.... အဲ့ဒီအချိန်မှာ ငါသူ့ကို ပြောပြချင်တာ... 'ငါ သူ့ကို ချစ်တယ်... ငါ သူ့ကိုချစ်တယ်.. ငါ သူ့ကိုချစ်တယ်... ငါ သူ့ကိုချစ်တယ် '...