အခန်း(၂)

3.4K 525 70
                                    

ယန်ယိက အခန်းရှေ့တွင် တံခါးအားမှီကာ အားပျော့စွာထိုင်နေသည်။ ဒီအခန်းရှေ့မှ ထွက်သွားချင်ပေမယ့် တံခါးကြားမှတိုးထွက်နေသော အယ်လ်ဖာ၏ဟော်လ်မုန်းများကြောင့် သူ့မှာ မတ်တပ်ထဖို့ပင် အတော်အားယူနေရသည်။ ထိုဟော်လ်မုန်းတွေက အခန်းအတွင်းမှ အိုမီဂါ၏ မြိုင်ကျချိန်အတွက် ပေါသီစွာထုတ်လွှတ်ပေးနေခြင်းဖြစ်ပြီး ယန်ယိအဖို့တော့ ပြင်းထန်နေသည့် ခန္ဓာကိုယ်တွင်းအပူရှိန်နှင့် အယ်လ်ဖာ၏ဂရုစိုက်မှုမခံရသော စိတ်ခြောက်ခြားစရာဤကာလအတွက် ခုခံနိုင်ဖို့ အင်အားပင်မရှိတော့။ အိပ်ခန်းတွင်းမှ ကိုယ်ချင်းထပ်ကာ လှုပ်ရှားနေသံနှင့် အိုမီဂါ၏ ညည်းညူနေသံတို့အား မသိချင်ယောင်ဆောင်ဖို့ရန် ယန်ယိအတွက် ခက်ခဲလှသည်။

ယန်ယိက ချွေးတွေနှင့် စိုရွှဲလုနီးနီးဖြစ်နေတဲ့ လက်ချောင်းတစ်ဝက်ထိသာဖုံးသော ဆိုင်ကယ်စီးလက်အိတ်အား သွားဖြင့်ကိုက်ကာ ဆွဲချွတ်လိုက်ပြီး သေးသွယ်သောလက်ချောင်းများအား သန့်ရှင်းရေးလုပ်လိုက်သည်။ သူ၏လက်သူကြွယ်၌ အကောင်းဆုံးသော ပလက်တီနမ်ကိုမှ အကျွမ်းကျင်ဆုံး ပန်းထိမ်ဆရာ၌အပ်ကာ ပြုလုပ်ထားသော လက်စွပ်အား ဝတ်ဆင်ထားသည်။ အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိပြီးနောက် သူ၏နှုတ်ခမ်းများ၌ တေ့ထားလိုက်သည်။ စီးကရက်အား ခပ်ပြင်းပြင်းရှိုက်ဖွာပြီးနောက် လသာဆောင်၏ ကြီးမားသော ပြတင်းပေါက်တွင် မှီကာ ဥယျာဉ်ထဲတွင် အလုပ်များနေသော ဥယျာဉ်မှူးအား ငေးကြည့်လိုက်သည်။ ဖြူလွင်သော အခိုးအငွေ့များက ခပ်ဟဟသာ ဖွင့်ထားသော နှုတ်ခမ်းများကြားမှ ဖြည်းဖြည်းချင်း တိုးထွက်လာကြသည်။

လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ခန္ဓာကိုယ်စစ်ဆေးမှုပြုလုပ်ခဲ့ရပြီး ဒီနေ့မှ ယန်ယိအိမ်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ ဆရာဝန်က ' မြိုင်ကျချိန်အတွက် ထိန်းချုပ်ဆေးသုံးခြင်းအပေါ် ဆိုးဝါးတဲ့ရလဒ်တွေမရှိဘဲ ခန္ဓာကိုယ်က ပုံမှန်အတိုင်းကောင်းမွန်နေကြောင်း ' အထပ်ထပ်အခါခါ ပြောခဲ့သည်။ ရွက်ကျယုန်လေးများက ကြွက်မျိုးစိတ်များနှင့် မကွာပဲ မြိုင်ကျချိန် ဖြစ်ပေါ်မှုမြန်ဆန်သည်။ တခြားသော အိုမီဂါများကဲ့သို့ မြိုင်ကျချိန်အတွက် ထိန်းချုပ်ဆေးထိုးပြီး သက်သာအောင် ပြုလုပ်နိုင်ကြသည်။ သို့ပေမယ့် ထိန်းချုပ်ဆေးအသုံးပြုခြင်းက ဆေးလွန်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးအများကြီးကို ဖြစ်ပေါ်စေသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now