အခန်း(၁၂)

2.2K 263 16
                                    

အခန်း(၁၂)

ယန်ယိက မထင်ရှားလှတဲ့ ဟိုတယ်အသေးစားတစ်ခုကိုရှာတွေ့ခဲ့ပြီး ဈေးနှုန်းမေးကာ တစ်ညကို ခုနစ်ဆယ်ဖြင့် တည်းခိုးခဲ့သည်။ တစ်ခါတစ်လေ ဒါက တရားမျှတမှုမရှိတဲ့ကိစ္စတစ်ခုလို့ ယန်ယိတွေးမိသည်။ သူလည်း လုရှန်းကျင်ကို ခယခဲ့တာပဲ။ တစ်ခြားအိုမီဂါတွေက ဇိမ်ခံကား၊ ဇိမ်ခံဗီလာတွေနဲ့ အဆုံးသတ်ဆိုတာ မရှိတဲ့ ငွေပမာဏတွေကို ရနေတဲ့အချိန်မှာ သူတစ်ယောက်တည်းကပဲ ဘာဖြစ်လို့ ဘာမှမရှိရတာလဲ။

တကယ်တမ်း ဈေးကြီးတဲ့ ပစ္စည်းတွေက လုရှန်းကျင်အဖို့ ရေပုံးထဲက ရေစက်တစ်ပေါက် ပမာဏသာ ရှိပေမယ့် သူက ယန်ယိကို ဘာတစ်ခုမှ ဝယ်ခွင့်မပေးခဲ့သလို အလေးအနက်ထားပြီး သူကိုယ်တိုင်ပေးခဲ့တာလည်း မရှိချေ။

ဒီလို လမ်းကြားလေးထဲက နာမည်မရှိတဲ့ ဟိုတယ်မှာတော့ ပိုက်ဆံရှိရုံနဲ့တင် မှတ်ပုံတင်ပင် ပြစရာမလိုဘဲ တည်းခိုနိုင်သည်။ သူတို့က လုံခြုံရေးကိုလည်း အထူးကြပ်မတ်ထားခြင်းမရှိပေ။ အသက်ရှင်နေထိုင်နိုင်ဖို့ ဤကဲ့သို့ နေရာမျိုးကိုသာ ယန်ယိ ရွေးချယ်နိုင်သည်။ သူ့ရဲ့ မှတ်ပုံတင်ထဲရှိ လိင်အမျိုးအစားနေရာတွင် " နားရွက်ကျယုန် မျိုးစိတ်အိုမီဂါ A3 " ဟု ဆွဲဆောင်မှုရှိလှသော ခရမ်းရောင်မှင်ဖြင့် ရေးထိုးထားသည်။

ထူးခြားတဲ့ကလင်းရှိခြင်းအပေါ် သာမန်လူတွေထားရှိတဲ့ အတွေးက 'ဆရာက စာတော်တဲ့ကျောင်းသားတွေအပေါ် ချီးမွှမ်းမှုနဲ့ မျက်နှာသာအမြဲပေးသလို' လေးစားအားကျစရာကောင်းပြီး မနာလိုဖြစ်ရခြင်းပင်။

J1 အဆင့်ကွဲပြားမှုရှိတဲ့အပေါ် အယ်လ်ဖာတစ်ယောက်ရဲ့ အမြင်က လေးစားအားကျရပြီး အထင်ကြီးခြင်းပင်၊ ဖြစ်နိုင်တာက ကွဲပြားမှုအဆင့်နဲ့ မွေးဖွားလာသူက သာမန်အတိုင်းမွေးဖွားလာတဲ့သူတွေထက် အများကြီးကွာဟနေပုံပေါ်ပြီး အနာဂတ်ကလည်း အကန့်အသတ်မရှိပေ။

အကယ်၍ သင်က M2(ဒုတိယ) အဆင့်ကွဲပြားမှုရှိတဲ့ အယ်လ်ဖာတစ်ယောက်ကိုတွေ့ခဲ့ရင် သူ့အပေါ် လွယ်လွယ်ကူကူနဲ့ အမှားပြုလုပ်ရဲမှာမဟုတ်ချေ။ ဒုတိယအဆင့်ကွဲပြားမှုရှိတဲ့ အယ်လ်ဖာဖြစ်စေ အိုမီဂါဖြစ်စေ သူတို့ရဲ့အနောက်မှာ စွမ်းဆောင်ရည်အတွက် အင်အားအရင်းအမြစ်တွေ ထောက်ပံ့ပေးနေတဲ့ မိသားစုကြီးတစ်ခုလုံးရှိနေပြီး အကြောင်းမှာ ဒုတိယအဆင့် ကွဲပြားမှုရှိခြင်းက ရှားပါးဟော်မုန်းကို အပြည့်အဝပိုင်ဆိုင်ထားပြီး ဓာတ်ပြောင်းလဲမှုကို လှုံ့ဆော်ပေးခြင်းက စည်းမျဉ်းတွေနဲ့ မညီမျှပေမယ့် တစ်ချို့သော သူတွေမှာတော့ ပြိုင်ဘက်ကင်းစွာဘဲ သဘာဝ၏ပေးအပ်ခြင်းကို ခံထားရသည်။ ကလင်းအမျိုးအစားကလည်း သဘာဝအတိုင်း ဖြစ်ပေါ်လာကြသည်။ J1 အဆင့် ကွဲပြားခြင်းရှိတဲ့ ကလင်းအများစုက ပုံစံတူကလင်းတွေကို ဖန်တီးနိုင်ဖို့အတွက် အကြိမ်တစ်ရာ၊ တစ်ထောင်မက စမ်းသပ်ခြင်းခံရပြီး ပိရမစ်၏ ထိပ်ဆုံးတွင်ရှိသော တစ်ရာခိုင်နှုန်း အမျိုးအစားတွေ ဖြစ်လာကြသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Onde as histórias ganham vida. Descobre agora