အခန်း(၈)

2.1K 283 22
                                    

ရဲရဲတောက်ကာ နီမြနေသော အရွယ်အစားတူစတော်ဘယ်ရီတို့ကို သေတ္တာပုံးထဲ ညီစီနေအောင် စီထည့်ထားသည်။ သူတို့တွေက အလတ်ဆုံးသောစတော်ဘယ်ရီတွေဖြစ်ကာ လေကြောင်းခရီးဖြင့် ပို့ဆောင်ခြင်းခံရမှာဖြစ်သည်။ လတ်ဆတ်သောရနံ့နှင့် မွှေးပျံ့သောချိုအီခြင်းကို သူတို့ထံမှ ရရှိနိုင်သည်။ ယန်ယိကတော့ သူတို့ရဲ့ရနံ့တစ်ဝက်က ငွေနံ့ဖြစ်ကြောင်း သိနေသည်။

ကျန်ရှိနေသော ခွန်အားနှင့် နာကျင်မှုကို တောင့်ခံထားပြီးနောက် ရွေးချယ်စရာလည်း မရှိတော့သည့်အဆုံး သူတို့ကိုစားရတာကြိုက်သည်' ဟူသော အမူအရာကို ယန်ယိပြုလုပ်ခဲ့သည်။

သန်မာသောယောက်ျားတစ်ယောက်က ပုဝါကိုလိမ်ညှစ်လိုက်သလို ယန်ယိ၏အစာအိမ်မှာ ပြတ်ထွက်သွားတော့မတတ် တွန့်လိမ်ခွေခေါက်နေပြီး အရည်ရွှမ်းနေသည့် ဒီအအေးစာကို နာကျင်နေသည့်အစာအိမ်ထဲသို့ ယန်ယိမျိုချနေခဲ့သည်။

'တစ်ထိုင်တည်းနှင့် ယန်ယိက စတော်ဘယ်ရီ တစ်ဒါဇင်ကို စားခဲ့သည်။'

သူကြိုက်နှစ်သက်တာက စတော်ဘယ်ရီမဟုတ်ဘဲ ထိုစတော်ဘယ်ရီတို့ကို ကမ်းပေးလာတိုင်း ကပ်ပါလာသည့် အားဖြစ်စေရာ ဟော်လ်မုန်းတို့ကြောင့်ဖြစ်သည်။

လူတစ်ယောက်၏ကလင်းထဲရှိနေသည့် ဟော်လ်မုန်းတို့၌ မတူညီတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး အများစုက လုပ်ဆောင်ချက်ဟော်လ်မုန်းများအဖြစ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ သက်သာရာရစေခြင်း၊ သိမ်မွေ့ခြင်း၊ .... စသည်ဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်ပြီး လုပ်ဆောင်ချက်အားလုံးက ခန္ဓာကိုယ်၏ ခံစားချက်ပေါ်လိုက်၍ ပြောင်လဲသွားကြသည်။

ထုတ်လွှတ်လိုက်တဲ့ဟော်လ်မုန်းတွေက အကျိုးသက်ရောက်မှုရှိစေဖို့အတွက် ထုတ်လွှတ်လိုက်တဲ့အချိန်မှာ ညင်သာပြီး ငြိမ်သက်နေစေဖို့ အယ်လ်ဖာ၏ ထိန်းချုပ်မှုကိုလိုအပ်သည်။ ထို့အပြင် ပင်ကိုယ်အားဖြင့် အားနည်းတတ်တဲ့ အိုမီဂါအပေါ် ထိခိုက်မှုမရှိအောင် ကာကွယ်ထားဖို့ရန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဟော်လ်မုန်းတွေက ကလင်းထဲကထွက်လာပြီး အိုမီဂါ၏ကလင်းအတွင်းရှိ သိုလှောင်ရာနေရာများတွင် လှုံ့ဆော်မှုကို ပြုလုပ်ကြသည်။ ထို့နောက် စိတ်ဇောအဟုန်တို့ကို ကလင်း၏အလယ်သို့ရောက်အောင် ထုတ်လုပ်ပြီး အိုမီဂါအား အမှတ်အသားပေးခြင်းကို ဖြစ်ပေါ်စေသည်။ အမှတ်အသားပေးခြင်းက လုံလောက်သောလုံခြုံစိတ်ချရခြင်းကို ဖြစ်စေပြီး စိတ်သက်သာရာရမှုကိုပေးကာ မပြောင်းမလဲတော့မည့် တစ်ဦးတည်းပိုင်ဆိုင်မှုကို ရရှိစေသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now