အခန်း(၁၀)
မှောင်မိုက်ပြီး ကျဉ်းမြောင်းတဲ့ ဂွမ်းစောင်အတွင်းခိုဝင်နေခြင်းက သေးငယ်တဲ့ ခိုလှုံမှုအတွင်းရှိနေရသလို တိတ်ဆိတ်တဲ့ကမ္ဘာကြီးရဲ့ ဒီထောင့်နေရာလေးက အန္တရာယ်နဲ့ ဆူညံသံတွေမှလည်း သီခြားဖြစ်နေစေသည်။
ယန်ယိက ငှက်မွှေးစောင်ထည်ကို အိပ်ရာလုပ်ခင်းပြီး ထိုအပေါ်၌ လဲလျောင်းနေသည်။ ပြန်ပြောစရာ စကားလည်း မရှိတာကြောင့် တစ်ဖက်က အယ်လ်ဖာပြောနေတာကိုပဲ တိတ်တိတ်လေး နားထောင်နေသည်။
"မင်းက ဘာခွဲစိတ်မှုကို လုပ်မှာလဲ"
အယ်လ်ဖာတွေက ဒီလိုကိစ္စမျိုးဆို သိပ်ကို ပူပန်တတ်ကြသည်။ ယန်ယိကတော့ ပြန်ဖြေဖို့ကို ငြင်းဆိုပြီး တိတ်ဆိတ်နေသည်။
"မင်း အခု ဘယ်မှာလဲ။ " အယ်လ်ဖာက မေးလိုက်သည်။
"အဝတ်ဗီရိုထဲမှာ၊ ငါ အခု ကိုယ်ဝန်ရှိတယ် .. ငါ့မှာ ကိုယ်ဝန်ရှိနေတယ် .. ငါ့ဗိုက်က ဖောင်းနေတယ် .. ငါ အသိုက်ထဲမှာပဲ နေချင်တယ် ..."
တိုးညင်းသော လေသံဖြင့် ယန်ယိပြန်ဖြေလာသည်။
တစ်ဖက်လူမှ တစ်ခုခုပြုတ်ကျသွားတဲ့အသံကို သူကြားလိုက်သည်။ ထိုသူက ဖုန်းကိုခပ်ဝေးဝေးထားပြီး ယန်ယိမကြားရအောင် ဆိုသည်။
" fuck .. fuck "
အယ်လ်ဖာရဲ့ အသက်ရှူသံက အရင်ထက်ပိုပြီး ကျယ်လောင်ပြင်းပြနေသည်။
"မင်းမှာ အယ်လ်ဖာ ရှိတယ် ? ဒါနဲ့ ဘယ်လိုလုပ် အမှတ်အသားကျ မရှိနေတာလဲ။ မင်းက ခွဲစိတ်မှုပြုလုပ်ရမှာဆို .. ဘယ်လိုဖြစ်ပြီး အခု က ကိုယ်ဝန်ရှိနေတာလဲ။ အဲ့ဒီကိုယ်ဝန်က ဘယ်ခွေးအယ်လ်ဖာရဲ့ ဟာ' နဲ့ ရလာတာလဲ"
"ခင်များအသံက ကျယ်လွန်းတယ်"
ယန်ယိက ဘောလုံးသေးသေးလေးတစ်လုံးလို ကိုယ်ကိုကျုံ့လိုက်ပြီး နူးညံ့တဲ့ နားရွက်တွေကလည်း ချိစ်လိပ်လို ခွေလိမ်သွားသည်။
အယ်လ်ဖာက ယန်ယိစကားကြောင့် တွန့်ဆုတ်သွားပြီး သူ့ရဲ့အသံကို ပြန်ပြီးလျော့လိုက်သည်။
"ငါ သူ့ကို အပြစ်မမြင်ပါဘူး .... " ယန်ယိက မသိမသာလေးမို့မောက်နေတဲ့ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
YOU ARE READING
Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)
Romanceငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ့်အချိန်.... အဲ့ဒီအချိန်မှာ ငါသူ့ကို ပြောပြချင်တာ... 'ငါ သူ့ကို ချစ်တယ်... ငါ သူ့ကိုချစ်တယ်.. ငါ သူ့ကိုချစ်တယ်... ငါ သူ့ကိုချစ်တယ် '...