အခန်း(၅)

2.2K 344 40
                                    

စားသောက်ပွဲကျင်းပနေသည့် အလင်းမှိန်ဖျော့ဖျော့သာရှိသောအခန်းထဲ၌ ချိုမြပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အိုမီဂါ၏ ဟော်လ်မုန်းရနံ့များနှင့် သန်မာသော အယ်လ်ဖာတစ်ချို့၏ရနံ့တို့ ရောနှောယှက်နွယ်နေသည်။ ဤသို့သော သူငယ်ချင်းများနှင့် အတူနေပြီး အေးအေးလူလူစည်းစိမ်ခံစားဖို့ အပြင်ထွက်ခြင်းမှာ လုရှန်းကျင်အတွက် ရှားပါးသောဖြစ်စဉ်တစ်ခုဖြစ်ပေသည်။

ငယ်ရွယ်တဲ့ အယ်လ်ဖာတစ်ယောက်က ချောမောလှပတဲ့အိုမီဂါနှစ်ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက် ဖက်ထားကာ လုရှန်းကျင်၏မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသည်။ သူက ခေါင်းကိုငုံ့လိုက်ရင်း ဘေးနားကအိုမီဂါကိုယ်တိုင် တိုက်တဲ့ရှန်ပိန်ကို တစ်ငုံချင်းစီသောက်နေပြီး လုရှန်းကျင်ရဲ့ ပုခုံးကိုလည်း လက်နဲ့ပုတ်ကာ စကားပြောနေသည်။

"အကိုလု ကျွန်တော့်မှာ အကို့အတွက်လက်ဆောင်ရှိတယ်။ အကိုမြင်ရင် သေချာပေါက်သဘောကျမှာမို့လို့ ကျွန်တော့်ကို ကျေးဇူးတင်ထားလိုက်တော့"

"ဘာမို့လို့လဲ"

လုရှန်းကျင်က နည်းနည်းလေးတောင် စိတ်ဝင်စားမှုမရှိတာကြောင့် ပေါ့ပျက်ပျက်ပင် ပြန်ဖြေလိုက်သည်။

"အဲ့တာက ကျိုအန်းမြို့က အပိုင်းအစလေးပါ..."

ပြီးနောက် ထိုငယ်ရွယ်တဲ့အယ်လ်ဖာက ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ လက်ခုပ်တီးလိုက်သည်။ ထိုအခါ အခန်းတံခါးအပြင်ဘက်မှာ ရှိနေတဲ့ အိုမီဂါငယ်ငယ်လေးတစ်ယောက် အထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲဝင်ဝင်ချင်းမှာပင် ထိုအိုမီဂါ၏ နူးညံ့ပြီး တစ်မူထူးခြားမှုရှိတဲ့ ဟော်လ်မုန်းရနံ့တွေက လုရှန်းကျင်ရဲ့ နှာဖျားတွင်းသို့ တိုးဝင်ကျီစယ်သွားကြသည်။ လေထုထဲမှာ ဟိုတစ်စု ဒီတစ်စုရှိနေတဲ့ ဂလင်းရနံ့တွေလည်း သူ့ရဲ့ဟော်လ်မုန်းကြောင့် နှိုးဆွမှုတစ်ခုရလိုက်သလို တုန်ခါမှုဖြစ်သွားသည်။ လုရှန်းကျင်က ထိုင်နေရာမှ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ထိုလှုပ်ရှားမှုကြောင့် တစ်ဖက်မှာရပ်နေတဲ့ အိုမီဂါပါ ထိတ်လန့်မှုဖြစ်သွားသည်။ သူက အနောက်သို့ ခြေတစ်လှမ်းဆုပ်လိုက်ပြီး သူ့ရဲ့ နူးညံ့တဲ့ အမြှီးကို ကုပ်ထားရင်း အခန်းအပြင်ပြန်ပြေးထွက်ဖို့လည်းမဝံ့ရဲဘဲ ရပ်မြဲနေရာတွင်သာ ကြိုးစားရပ်နေကာ လုရှန်းကျင်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေခဲ့သည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Tempat cerita menjadi hidup. Temukan sekarang