အခန်း(၁၃)
ဆယ်နာရီပင် ထိုးတော့မည့် ညအချိန်၌ မှန်ပြတင်းပေါက်၏အပြင်ဘက် ကောင်းကင်တစ်ခုလုံး မှိုင်းညှို့နေခဲ့သည်။ အနောက်မြောက်အရပ်မှ ရွှေ့လျားနယ်ချဲ့လာ တိမ်တိုက်မဲမဲတို့က ကောင်းကင်တစ်ဝက်လောက်ကို ဝါးမြိုထားရာ အပြင်ဘက်၌ အလင်းပျောက်လေး တစ်စပင် မရှိချေ။
စားပွဲပေါ်ပတ်ပတ်လည်၌ ပစ္စည်းဖာများနှင့်ပြည့်နေပြီး ထိုအပေါ်ရှိ ချောပို့လိပ်စာကအစ အနည်းငယ်သေသပ်မှုရှိနေကာ ချစ်စရာကောင်းသောစတေကာများက ပြောနေတဲ့ ညွှန်းဆိုချက်များက အားတက်စရာများပင်။
ဒီဗီလာထဲ၌ လုရှန်းကျင်ကို အကြိုအပို့လုပ်ပေးဖို့ လာတဲ့ ဒရိုင်ဘာမှစလို့ ဥယျာဉ်မှူးတစ်ယောက်သာရှိပြီး သန့်ရှင်းရေးလုပ်ဖို့ ၊ ချက်ပြုတ်ဖို့နဲ့ လုရှန်းကျင်ရဲ့ အစားအသောက်နဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေးမယ့် အစေခံများ မရှိချေ။ အားလုံးက ယန်ယိရဲ့ အလုပ်များသာ။
သူတို့လမ်းခွဲပြီးနောက် ယန်ယိက လက်ထဲဖိုင်စာရွက်ကိုကိုင်ပြီး တောက်ပလွန်းတဲ့ မျက်ဝန်းများဖြင့် ဒီဗီလာအတွက် အိမ်တော်ထိန်းလုပ်ချင်ကြောင်း တောင်းဆိုခဲ့သည်။
အတိတ်အချိန်တုန်းက ထိုယုန်ငယ်လေးက သိပ်ကိုကလူကာ မြှူကာ လုပ်တတ်သည်။ သူက လုရှန်းကျင်ပေါင်ပေါ် ခေါင်းထားကာ ဆိုဖာပေါ်တွင် လှဲအိပ်နေပြီး လုရှန်းကျင်က သူ့ခေါင်းကို လက်ဖြင့်ပွတ်သပ်ပေးလာသည်အထိ ဂရုတစိုက်နှင့် ကြည့်နေတတ်ခဲ့သည်။ ယုန်နားရွက်ရှည်ရှည်များက ဆံပင်များအတွင်းမှ တွဲခိုကျနေသည်။
လမ်းခွဲပြီးနောက်မှာလည်း သူကပဲ တစ်ဖန် လုရှန်းကျင်အပေါ် စွဲလမ်းကပ်တွယ်နေခဲ့သည်။ သို့ပေမယ့် အိမ်တော်ထိန်းတစ်ယောက်သာဖြစ်လာခဲ့ပြီး သူ့ကိုယ်သူထိန်းချုပ်နေခဲ့ရသည်။
အကြောင်းမှာ သင်ကပိုပြီး အာရုံစိုက်လေ ထိုသူရဲ့မျက်ဝန်းဆံအတွင်းမှ တလျှပ်လျှပ်လင်းလက်နေသည့် အလင်းရောင်ကို မြင်တွေ့နိုင်မှာဖြစ်သည်။ ထိုအလင်းရောင်က ယုံကြည်သူရဲ့တောင်းဆုအားလုံး လက်ခံရရှိထားသလိုမျိုး လင်းလက်နေကာ ထက်သန်တက်ကြွမှုတို့ဖြင့် တောက်ပစွာထွန်းလင်းနေပေသည်။
ESTÀS LLEGINT
Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)
Literatura romànticaငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ့်အချိန်.... အဲ့ဒီအချိန်မှာ ငါသူ့ကို ပြောပြချင်တာ... 'ငါ သူ့ကို ချစ်တယ်... ငါ သူ့ကိုချစ်တယ်.. ငါ သူ့ကိုချစ်တယ်... ငါ သူ့ကိုချစ်တယ် '...