အခန်း(၉)

1.6K 243 20
                                    

အခန်း(၉)

အမဲရောင် BMW ကားတစ်စီးက ချောင်ဟွေမြို့စွန်တွင်ရှိသော ထင်ရှူးတောထဲသို့ ကျောက်စရစ်ခင်းလမ်းလေးအတိုင်း လွန်ခဲ့သော နှစ်အနည်းငယ်ကမှ တည်ဆောက်ခဲ့တဲ့ မဟာဆန်လွန်းသော အိမ်ကြီးရှိရာသို့ မောင်းဝင်သွားခဲ့သည်။ ကြီးမားသော ကျူးလစ်ပင်ကြီးများပေါက်နေရာ ဥယျာဉ်ခြံကြီးအား နှင်းကဲ့သို့ ဖွေးဖွေးဖြူနေသော သစ်သားစည်းရိုးဖြင့် ကာရံထားပြီး ထို ဥယျာဉ်ခြံကြီး၏အလယ်၌ လုမျိုးရိုးအိမ်တော်ကြီးမှာ ခမ်းနားစွာ တည်ရှိပေသည်။

စွမ်းအင်လျော့ချသော ဆိုလာနည်းဖြင့် တည်ဆောက်ထားသည့် အဆောက်အဦးကြီးက စွမ်းရည်မြင့်ပြင်ပနံရံများဖြင့် ကာရံထားပြီး အိမ်တွင်းအပူချိန်ကို မျှတကောင်းမွန်စေသည်။

ကားမောင်းသူနေရာ၏ဘေးဘက်ခုံတွင် ဒူးနှစ်ဖက်ကိုပွေ့ဖက်ထားရင်း ယန်ယိမှာ ကျုံ့ကျုံ့လေးထိုင်နေသည်။ ထင်ရှူးတောကြီးက သူ့မျက်ဝန်းထဲ ထင်ဟပ်နေပေမယ့် ထင်းရှူးသီးတွေပေါ်တင်ကျန်နေတဲ့ မြေမှုန်လေးတွေသာ ပိုပြီးသတိထားမြင်နေရသည်။ သေးငယ်သော ပင့်ကူအိမ်များက ဥရောပပုံစံအလှဆင် တည်ဆောက်ထားတဲ့ အဖြူရောင်စည်းရိုးများတွင် တွယ်ကပ်နေသည်။

တိတ်ဆိတ်နေသောကမ္ဘာကြီးအတွင်းရှိ အရာအားလုံးထံမှစည်းဝါးမကိုက်ဖြစ်နေမှုများကသာ ယန်ယိမျက်ဝန်းထဲ စွဲထင်နေသည်။ ယန်ယိက မောဟိုက်လွန်းစွာ အသက်ရှူသွင်းလိုက်ပြီး နာကျင်ကိုက်ခဲနေတဲ့ သူ့ရဲ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားခဲ့သည်။ အိမ်တော်နှင့် နီးကပ်လာတိုင်း သူ့ရင်ဘတ်အတွင်းဖိစီးမှုများက ပိုလို့တင်းကြပ်လာခဲ့သည်။

အမူအရာတွေပြောင်းလဲနေခဲ့တဲ့ ယန်ယိရဲ့ပုံစံကို လုရှန်းကျင်ကတော့ သတိမထားမိ။ ဂရုတစိုက်နှင့် ငေးစောင်းကြည့်ဖို့ပင် ခဲယဉ်းလှသည်။

ယန်ယိက သူ့အိတ်ကပ်ထဲကနေ ယုန်စာမြက်ခြောက်တွေယူထုတ်ပြီး တစ်ခုချင်းစီစားနေသည်။ နောက်ဆုံးသော မြက်ခြောက်တစ်ခုကိုတော့ မစားဖြစ်ဘဲ ချန်ထားခဲ့သည်။ မြက်ခြောက်ရနံသင်းသင်းက ယန်ယိကို တည်ငြိမ်မှုရစေသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now