Uni
ရန်ကုန်ဆေးရုံကြီးရဲ့
အရေးပေါ်အခန်းရှေ့မှာ
နှင်းဆီနက်မိုးရေတွေရွှဲရွှဲဆိုနေပြီးလူကခိုက်ခိုက်တုန်နေပေမယ့်
ရင်ထဲကသောကမီးကြောင့် ဇောချွေးတွေပြန်နေတယ် မိမိဘယ်လောက်ပင်ပန်းပင်ပန်း ဘွားဘွားရဲ့အပြူံးလေးတွေကြောင့်
အမောပြေခဲ့တာလေ
ခုဘွားဘွားပါ ထားသွားရင် ဘဝကြီးကိုဘယ်လို့ရှေ့ဆက်ရတော့မှာလဲ တစ်ဦးတည်းသောမိသားစုဝင်ဘွားဘွားက
နက်ကြောင့်နက်ရဲ့ပယောဂကြောင့်ခုလိုဖြစ်သွားရတာ
နက်ညဘက်ဆီဆိုင်မှာ အလုပ်လုပ်ပြီးပြန်လာရင် မိုးရွာတဲ့နေ့ဆို လူပြတ်မှာဆိုးလို့ထီးအကျိုးလေးနဲ့လာကြိုသတဲ့လေ
မိုးကရွာ မီးကပြက်တော့ လမ်းမှာကားတိုက်ခံရတာတဲ့ နက်ကြားကြားခြင်းလိုက်လာခဲ့တာ
ငိုစရာလည်းမျက်ရည်မရှိတော့ဘူး
ဘွားဘွားခွဲခန်းထဲကနေ ဆရာဝန်တစ်ယောက်နဲ့ သူနာပြုတစ်ယောက်ထွက်လာကြတယ်
"ဒေါက်တာ ကျွန်မ အဘွား အဘွားအဆင်ပြေလားဟင် "
"ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ်
လူနာကို ခွဲခန်းထဲကထုတ်ပြီး လူနာဆောင်ပို့လိုက်ပါပြီ သမီးကလူနာရှင်လား နောက်ဆယ်မိနစ်လောက်နေရင်
အန်တီကို အခန်းထဲလာတွေ့ပါ
အန်တီoperations dressလဲပြီးရင် သမီးနဲ့စကားပြောစရာရှိတယ်"
".........."
............
မိန့်အာဏာ ဒီနေ့မေမေ့မွေ့နေ့မို့ မေမေ့ဆေးရုံမှာ မေမေ့ကိုသွားကြိုပြီးအစောကြီးဘုရားသွားမလို့ပေါ့
မနက်ငါးနာရီပဲရှိသေးတယ်
လမ်းတစ်ခုလုံးတိတ်နေပေမယ့် ဆေးရုံမှာတော့ လူနာရှင်တွေနဲ့ဆရာဝန်တွေ ရှုပ်ရှက်ခက်နေတာပဲ

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်