Uni
မနက်အိပ်ယာထတော့ အားတော်တော်ပြည့်သွားတယ်
လန်းဆန်းနေတာပဲ ကျောင်းသွားဖို့ နာရီကြည့်လိုက်တော့ ရှစ်နာရီတောင်ရှိနေပြီ
ညကဆန်ပြုတ်စားပြီး အိပ်ပျော်သွားတာ ခုမှနိုးတော့တယ် ရေမိုးချိုးပြီးဆင်းလာတော့
မီးဖိုချောင်မှာအဒေါ်ကြီးတစ်ယောက် နဲ့ စကားပြောနေတဲ့ မိန့်အာဏာကိုတွေ့တယ်
"ဟော မင်းနိုးလာပြီလား သက်သာရဲ့လား မိတ်ဆက်ပေးရဦးမယ်
ဒီက ဒေါ်ကြီးက ဒေါ်ညိုတဲ့ မနက်ပိုင်းလာပြီးထမင်းချက် အဝတ်လျှော်ပြီး အိမ်သန့်ရှင်းရေးလုပ်ပေးလိမ့်မယ် ညနေ ကိုယ်တို့ကျောင်းကပြန်လာမှပြန်လိမ့်မယ် အန်တီညို
ဒါကျွန်တော်ပြောတဲ့ ကျွန်တော့်အမျိုးသမီး"
"ဟုတ်ကဲ့ ဒေါ်ညိုကိုစားချင်တာပြောနော် အိမ်မှုကိစ္စကတော့စိတ်ချ သမီးတို့စိတ်တိုင်းကျစေရမယ်"
နက် ခေါင်းလေးငြိမ့်ပြပြီး မိန့်ကိုမေးငေါ့ပြပြီးအပြင်ထွက်လာစေတယ်
မိန့်အပြင်ရောက်တော့
"ကိုမိန့်အာဏာ ဒါ ဘာသဘောလဲ ရှင်က ဒီအန်တီ့ ထမင်းဟင်းချက်ခိုင်းမယ်ဆိုတော့ ကျွန်မက ဘာသွားလုပ်ရမှာလဲ"
"မင်းက ဒီအိမ်က ထမင်းချက်မှမဟုတ်တော့တာ ကိုယ့်မိန်းမဖြစ်နေပြီလေ
ပြီးတော့ ခုမင်းကမပေါ့မပါးကြီးနဲ့ ကျောင်းတောင်းနောက်လဖြေရတော့မှာမို့ မနားခိုင်းတာ
ပြီးရင်တော့ ကျောင်းတစ်နှစ်နားရမယ်
အလုပ်တွေလဲဘာတစ်ခုမှမလုပ်နဲ့တော့
ကျောင်းသွားကျောင်းပြန်လည်းBusကားတိုးစီးမနေနဲ့ ကိုယ်နဲ့ပဲအသွားအပြန်လုပ် "
"ဘာလို့ရှင်နဲ့အတူတူကျောင်းသွားရမှာလဲ
ကျောင်းကိုbusကားနဲ့သွားနေတာ ကြာလှပြီ
ခုမှလာပြီး အပိုတွေပြောမနေနဲ့
ပြီးတော့ ကလေးကိုလည်းကျွန်မဘာသာစောင့်ရှောက်နိုင်တယ်ရှင်စိတ်ပူစရာမလိုဘူး "

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်